ရေနံလက်ယက်တွင်းတွေ ကို ဒေသန္တရ လိုင်စင်ထုတ်ပေးမယ်


2016.11.10
htayaung-620 လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဦးဌေးအောင်ကို နိုဝင်ဘာလ ၁ဝ ရက်နေ့က တွေ့ရစဉ်
Photo: Win Naung Toe/RFA

တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာရှိတဲ့ ရေနံလက်ယက်တွင်း လုပ်ကိုင်နေသူတွေကို ဒေသန္တရ ရေနံချက်လုပ်ခွင့် ယာယီလိုင်စင်ထုတ်ပေးသွားမှာဖြစ်ကြောင်း လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဦးဌေးအောင် က ပြောပါတယ်။

နေပြည်တော် လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနရုံးမှာ ဒီကနေ့ ပြုလုပ်တဲ့ ဝန်ကြီးဌာနရဲ့ လစဉ်သတင်း ထုတ်ပြန်ခြင်း အခမ်းအနားမှာ ရေနံလက်ယက်တွင်းလုပ်ငန်းရှင်တွေကို တစ်နှစ်သက်တမ်းရှိတဲ့ ဒေသန္တရ ရေနံချက်လုပ်ခွင့် ယာယီလုပ်စင်ထုတ်ပေးသွားမယ်လို့ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဌေးအောင် က ပြောလိုက်တာပါ။

လုပ်ငန်းလိုင်စင်ကို သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေရဲ့ ထောက်ခံချက်က အဓိကကျကြောင်း၊ အသေးစားချက်လုပ်တဲ့ လုပ်ငန်းတွေမှာ ရေနံစိမ်းဂါလံတစ်ရာကနေ သုံးထောင်အထိသာ ချက်လုပ်ခွင့် ပြု မှာဖြစ်ကြောင်းနဲ့ အသုံးပြုမယ့်မြေဟာလည်း သစ်တောမြေနဲ့  လယ်မြေမဖြစ်ဖို့ လိုအပ် ကြောင်းလည်း လျှပ်စစ်နဲ့ စွမ်အင်ဝန်ကြီးဌာနက ဒုတိယညွန်ကြားရေးမှူး ဒေါ်နီလာဦးက ပြောပါတယ်။

ဒေသန္တရ ရေနံချက်လုပ်ငန်းခြင်း ယာယီလိုင်ခွင့်ပြုမိန့် ထုတ်ပေးမယ့်ဒေသတွေကတော့ ရေနံစိမ်း ထွက်ရှိ တဲ့ ဒေသတွေဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ဧရာဝတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနဲ့ ရခိုင် ပြည်နယ်တို့ဖြစ်ပြီး လုပ်ငန်းရှင် ၂၃၇ ဦးကို ခွင့်ပြုမိန့်ထုတ်ပေးသွားမှာဖြစ်ကြောင်း ဒီကနေ့ သတင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။