တနင်္သာရီမြို့ဟောင်းကို ယဉ်ကျေးမှုဇုန် သတ်မှတ်


2018.01.12
tanintharyi-622.jpg မြိတ်ခရိုင်က တနင်္သာရီမြို့ကို တွေ့ရစဉ်
Photo: Tanintaryi page

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်က တနင်္သာရီမြို့ဟောင်းကို ရှေးဟောင်းယဉ်ကျေးမှုဇုန်အဖြစ် တိုင်းဒေသကြီး အစိုးရအဆင့်ကနေ သတ်မှတ်ကြောင်း မနေ့ကရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

တနင်္သာရီမြို့ဟောင်းကို ထိန်းသိမ်းရေဇုန်အဖြစ် သတ်မှတ်လိုက်တဲ့အတွက် မြို့ဟောင်းဧရိယာထဲမှာ အိမ်အ သစ်တွေ အများအပြားဆောက်လုပ်တာနဲ့ အဲဒီ နယ်မြေမှာ တွေ့ရှိတဲ့ ရှေးဟောင်းပစ္စည်းရောင်းစားတာတွေကို ကာကွယ်နိုင်သွားနိုင်တယ်လို့ ပြောပါတယ်။

"ရှေးဟောင်းနေရာများ တည်နေရာဇုန်ဆိုပြီးတော့ သတ်မှတ်တယ်၊ ကာကွယ်ထိန်းသိမ်းထားသော ဇုန်အဖြစ် သတ်မှတ်တယ်၊ အဲဒီ နှစ်မျိုးသတ်မှတ်ပါတယ်၊ ဒီမြို့မှာ တချို့ကိစ္စတွေက မြို့ပေါ်ထဲမှာရှိနေတဲ့အခါကျတော့ အိမ်တွေအများကြီး ထပ်ဆောက်တာလိုမျိုး ပြီးတော့ ရှေးဟောင်းယဉ်ကျေးမှု ပစ္စည်းတွေရလို့ရှိရင် သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ် အဖွဲ့အစည်းတွေကို ပြန်ပြီးရောင်းချတာပဲဖြစ်ဖြစ်၊ လှူဒါန်းတာပဲဖြစ်ဖြစ် မလုပ်ဘဲနဲ့ အပြင်မှာ အဲ့လိုမျိုးရောင်းတာတွေ၊ ပေါင်နှံတာတို့ ရောင်းချတာတို့ ရှိနေတယ်ပေါ့၊ အဲဒါတွေလည်း ကာကွယ်ပြီးသားဖြစ် သွားလိမ့်မယ်လို့ ထင်ပါတယ်ဗျ"

ရှေးဟောင်းယဉ်ကျေးမှုဇုန် သတ်မှတ်တာဟာ မြို့ဟောင်းအတွင်းကလူတွေ ဖယ်ပေးရတာမျိုးမဟုတ်ဘဲ ရှိပြီးသားနေရာကို နိုင်ငံခြားသားတွေကို ပြသနိုင်ဖို့ ရည်ရွယ်တာလို့လည်း ပြောပါတယ်။

တနင်္သာရီမြို့ဟောင်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့က ထိန်းသိမ်းစောက်ရှောက်ပေးဖို့ အစီအစဉ် ရှိ မရှိ ပြီးခဲ့တဲ့ တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးမှာ တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

တနင်္သာရီတိုင်းအတွင်း ရှေးဟာင်းယဉ်ကျေးမှှုဇုန်အဖြစ် သာဂရမြို့ဟောင်းကို ၂၀၁၂ ခုနှစ်တွင် သတ်မှတ်ခဲ့ပြီး ရှင်မုတ္ထီးမြို့ဟောင်းကိုလည်း ရှေးဟောင်းဇုန်အဖြစ်သတ်မှတ်နိုင်ဖို့ ၂၀၁၆ ခုနှစ်က ကွင်းဆင်းစစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။