NLD ရင်ထိုး၊ တံဆိပ်နှင့် ဆင်တူယိုးမှားလုပ်ပြီး ဂျာနယ်များ ရောင်းချ
2011.05.03

င်္ဗဏ
ဒါနဲ့ ပတ်သက်ပြီး ဇီးကုန်းမြို့ခံ တဦး က ခုလို ပြောပြပါတယ်။
"အသံချဲ့စက်နဲ့ကို ကျယ်ကျယ် ပြန့်ပြန့် ရောင်းနေတဲ့ သဘောရှိတယ်။ ရန်ကုန်မှာဆိုရင် အလုံးအရင်းနဲ့ ရောင်းနေတာ။ ခက်တာက သူက ဒေါင်းပါတယ်။ NLD အလံအတိုင်းဘဲလေ။ ရင်ထိုးတွေရော၊ လူထုကလည်း ဒေါင်းပါတော့ အငိုက်ပေါ့နော်။ ဈေးကလည်း မနဲဘူးဗျ။
ဂျာနယ် တစောင်ကို ၆၀၀၊ ၂ စုံဝယ်ရတော့ ၁၂၀၀။ တခုက ခွတ်ဒေါင်းဂျာနယ်၊ တခုက ဒေါင်းရင်ပြင်။ ဒီနေ့ရောင်းနေတယ်။ ဒေါင်းရင်ပြင် ဆိုရင် မတ်လ ၂၈ ကထုတ်တာ။ ခွတ်ဒေါင်းဆိုရင် ဖေဖော်ဝါရီ ၁၈။ ဒီဒေါင်းရင်ပြင်မှာ ဘာရေးထားလည်းဆိုတော့ နအဖကို အမြင်စောင်းတာတွေအပေါ် လိုက်ရှင်းနေတဲ့သဘောမျိုးပေါ့နော်။"
အဲ့ဒိလို ရောင်းချရာမှာ ဝယ်သူတွေ ရဲ့ ထင်ရောင်ထင်မှားဖြစ်မှုကို အခွင့်ကောင်းယူပြီး ရောင်းချသွားတယ်လို့အဲဒီ မြို့ခံက ပြောပါတယ်။
၈၈ မျိုးဆက် ကျောင်းသား လူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီ ခေါင်းဆောင် ကိုအေးလွင် ကတော့ စာစောင်တွေကို ပဲခူးတိုင်း အနောက်ခြမ်း၊ ဧရာဝတီတိုင်း နဲ့မကွေးတိုင်းတွေမှာ ဖြန့်ဖြုးရောင်းချနေပြီး၊ စာစောင်တွေဟာ ခုထိ နှစ်ကြိမ်စီသာ ထုတ်ဝေရသေးတဲ့ အတွက် အဟောင်းတွေ မဟုတ်ကြောင်း ပြောဆိုပါတယ်။
စာစောင် ရောင်းချရာမှာ ထင်ယောင်ထင်မှားဖြစ်မှုနဲ့ပတ်သက်လို့ ကိုအေးလွင်ကတော့
"အဲဒါကတော့ ကျတော်တို့ကိုယ်တိုင်ကကို အထင်မခံနိုင်တာလေ။ ရောင်းကထဲက hand speaker တွေနဲ့ လိုက်ရောင်းတာဘဲ။ ပါတီဆိုကတာလည်း ရှင်းရှင်းလင်းလင်း စာစောင်မှာ ရေးထားတယ်လေ။ ရောင်းတဲ့သူတွေကလည်း ပြောရောင်းတာ။ ထင်ရောင်ထင်မှာ; ကျတော်တို့က လုပ်ခွင့်မပေးဘူးလေ။"