အပူချိန်လွန်ကဲ


2016.04.13
over-heat-620.jpg ဧပြီလ(၁၃-၁၉)ရက် ရက်တစ်ပတ်အတွင်း နေ့အပူချိန် အမြင့်ဆုံးတွေနဲ့ ပုံမှန်မှကွာခြားမှု ခန့်မှန်းချက်
Photo: Tun Lwin Facebook

စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ကရင် စတဲ့ တိုင်းနဲ့ပြည်နယ် ၈ ခုမှာ အပူချိန် မြင့်မားနိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင် က ထုတ်ပြန်ထားပါတယ်။

အဲဒီတိုင်းနဲ့ ပြည်နယ် ၈ခုထဲမှာ ဒီတစ်ပတ်အတွင်း  စစ်ကိုင်းတိုင်း၊ မကွေးတိုင်း နဲ့ ပဲခူးတိုင်းတို့က အပူချိန်အမြင့်ဆုံးဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ အဲဒီနေရာတွေမှာ အပူချိန် ၄၅ ကနေ ၅၀ ဒီဂရီစင်တီဂရိတ်ထိ ရှိနေပါတယ်။

မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက တိုင်းတာချက်တွေအရ ချောက် ၊ စစ်ကိုင်း၊ မိတ္ထီလာ၊ ကျောက်ဆည်၊ ဟဲဟိုး၊ မိုးကုတ်၊ တောင်တွင်းကြီး၊ ရမည်းသင်းစတဲ့ မြို့နယ် ၈ ခုမှာ အပူချိန်လွန်ကဲမှုဟာ စံချိန်သစ်တင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲဒီမြို့နယ် ၈မြို့နယ်ထဲမှာ ချောက်မြို့နယ်ဟာ အပူချိန် ၄၆ ဒီဂရီစင်တီဂရိတ်ကို ကျော်လွန်ခဲ့ပြီး ဒုတိယအမြင့်ဆုံးက စစ်ကိုင်းမြို့မှာ ၄၃ ဒီဂရီစင်တီဂရိတ်ကို ကျော်လွန်နေတာဖြစ်ပါတယ်။

လာမယ့် ဧပြီလ ၁၇ ရက်နေ့ နောက်ပိုင်း တစ်ပတ်အတွင်း နေ့အပူချိန် လျော့ကျသွားနိုင်ပြီး ဧပြီလ ၂၇နေ့ ကနေ မေလဆန်းအထိ နေ့အပူချိန် ပြန်လည်တိုးလာနိုင်တယ်လို့လည်း မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။