ပန်ဒါစက်ရုံ ပိုင်ရှင်နဲ့ ပြေလည်မှုမရ


2016.06.08
panda-workers-620.jpg မန္တလေးတိုင်း ပလိပ်မြို့က ပန်ဒါ ချည်မျှင်အထည်စက်ရုံ အလုပ်သမားတွေ ဇွန်လ ၃ ရက်နေ့က ဆန္ဒပြစဉ်
Photo: Hset Paing Toe/RFA

မန္တလေးတိုင်း ပလိပ်မြို့က ပန်ဒါချည်မျှင်နဲ့ အထည်အလိပ်စက်ရုံ အလုပ်ရှင်-အလုပ်သမားပြသနာကို ဒီနေ့မှာလည်း အလုပ်သမားဆက်ဆံရေးဌာန ညွှန်မှူးတွေနဲ့ သုံးပွင့်ဆိုင်ဆွေးနွေးခဲ့ကြပေမယ့် ပြေလည်မှု မရဘူးလို့ သိရပါတယ်။

ပလိပ်အထည်အလိပ်စက်ရုံကို ပန်ဒါကုမ္ပဏီဆီ ငှားလိုက်ချိန်က လွှဲပြောင်းယူရမယ့် စက်ရုံဝန်ထမ်းတွေနဲ့ ပတ်သက် ပြီး စက်မှုဝန်ကြီးဌာနနဲ့ ကုမ္ပဏီတို့ ချုပ်ဆိုခဲ့တဲ့ Employment Contract – EC စာချုပ်ပါ အချက်တွေကိုလိုက်နာဖို့ စက်ရုံပိုင်ရှင်ဘက်က ငြင်းဆန်နေတဲ့အတွက် ပြေလည်မှုမရတာလို့ ပန်ဒါစက်ရုံ အလုပ်သမားသမဂ္ဂ ဥက္ကဌ ကိုဝင်းထွန်းညွန့် က ပြောပါတယ်။

"အလုပ်အမှုဆောင် ၇ ယောက်စလုံးပါတယ်၊ အလုပ်သမား ကိုယ်စားလှယ် ၅ ယောက်လောက်ပါတယ်၊ ပန်ဒါကုမ္ပဏီနဲ့ စက်မှုဝန်ကြီးဌာနနဲ့ ချုပ်ခဲ့တဲ့မူရင်းစာချုပ်ကို ပြန်လိုချင်တယ်၊ ဒါပဲတောင်းဆိုခဲ့တယ်၊ အလုပ်ရှင်ကတော့ မပေးနိုင်ဘူးပေါ့ဗျာ၊ အလုပ်ရှင်မပေးနိုင်တော့ ဒီတောင်းဆိုမှုနဲ့ပဲ ညှိနှိုင်းမှုပြီး ကြတယ်"

ဒီပြသနာမှာ EC စာချုပ်ဖေါက်ဖျက်သူကို ဥပဒေအရအရေးယူဖို့ကိုလည်း အလုပ်သမားဦးစီးဌာနက ဆောင်ရွက်နေ တဲ့အကြောင်း မန္တလေးတိုင်းဦးစီးမှူးက မနေ့က RFA ကိုပြောထားပါတယ်။ ဒီလိုအရေးမယူခင်မှာ ပြဿနာပြေ လည်အောင် ထပ်မံညှိနှိုင်းနေတာလို့လည်း သိရပါတယ်။

မြေဧက ၆၄၀ ကျော်ရှိပြီး၊ စက်ရုံတွေ၊ စက်ပစ္စည်းတွေ၊ အလုပ်သမားအိမ်ယာတွေပါတဲ့ ပလိပ်ချည်မျှင်နဲ့ အထည်စက်ရုံကို အရင်အစိုးရလက်ထက်မှာ ပန်ဒါကုမ္ပဏီကို တစ်လ ကျပ်ငွေ သိန်း ၃ ရာနဲ့ အနှစ် ၃၀ ငှားရမ်းလိုက်တာလို့ သိရပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။