ဆန္ဒပြခွင့်ဥပဒေကြမ်း ပြည်သူ့လွှတ်တော် အတည်ပြု

ငြိမ်းချမ်းစွာ စုရုံးဆန္ဒပြခွင့် ဥပဒေမူကြမ်းကို မနေ့က ပြည်သူ့လွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။

2011.10.03
parliament_2011_seats_305_z.png နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံသစ်တွင် ဇန်နဝါရီ ၃၁ ရက်နေ့က အမျိုးသား လွှတ်တော်နှင့် ပြည်ထောင်စု လွှတ်တော် နှစ်ရပ်ပေါင်း ကျင်းပသော ပထမဆုံး လွှတ်တော် အစည်းအဝေးကို MRTV 4 ရုပ်မြင်သံကြားမှ ထုတ်လွှင့် ပြသနေပုံ
Photo: AFP/MRTV 4

သူ့အနေနဲ့ ပြင်ဆင်ချက်တွေ တင်သွင်းခဲ့တဲ့ အထဲမှာ ဆန္ဒပြတဲ့ အချိန်မှာ နိုင်ငံတော် သီချင်း သီဆိုခွင့် ဆိုတဲ့ အဆိုပြုချက်ဟာလည်း လွှတ်တော်အမတ် အားလုံးရဲ့ထောက်ခံမှု ရခဲ့တယ်လို့ ဦးသိန်းညွန့်က ပြောပါတယ်။

အချုပ်အခြာ အာဏာကို ထိပါးလာတဲ့ကိစ္စမျိုးနဲ့ ကြုံလာရမယ်ဆိုရင် နိုင်ငံတော် သီချင်းကို သီဆိုပြီး ရင်ဆိုင်ရမယ့် အခြေအနေမျိုး ပေါ်ပေါက်လာတာမျိုး ရှိနိုင်ကြောင်း၊ ဒါကြောင့် ဥပဒေမှာ အသေပိတ်မထားဘဲ ဒီကိစ္စ ထည့်သွင်းဖို့ အဆိုပြုတဲ့အခါ ပြည်ထောင်စု ဝန်ကြီးက လက်ခံလိုက်ကြောင်း၊ မိမိရဲ့ အဆိုတွေ တင်ခဲ့သမျှမှာ ဒီတစ်ခါ လွတ်လွတ်ကျွတ်ကျွတ် အောင်မြင်ခဲ့ကြောင်း ဦးသိန်းညွန့်က ပြောပါတယ်။

ပြည်သူတွေ ငြိမ်းချမ်းစွာ စုရုံးဆန္ဒပြခွင့် ဆိုင်ရာ ဥပဒေမူကြမ်းကို ပြည်သူ့လွှတ်တော်မှာ ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကိုကိုက စက်တင်ဘာလ တတိယပတ်က တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

ဒီဥပဒေ မူကြမ်းကို အမျိူးသား လွှတ်တော်မှာ ဆုံးဖြတ်ချက် ယူပြီးရင်တော့ သမ္မတ လက်မှတ် ရေးထိုး အတည်ပြုမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-10-04 18:38

သတင်းလေးကို ကြိုက်လို့ပါ

Anonymous
2011-10-04 03:46

လက်ရှိ သမ္မတဦးသိန်းစိန် အစိုးရဟာ နိုင်ငံရေးအကျဉ်းသားလုံးဝမရှိဘူးလို့ ငြင်းနေသမျှတော့ သူတို့လုပ်ရပ်တွေ အားလုံးဟာ၊ အရင်ကထက် နဲနဲ ပိုကောင်းချင် ကောင်းလာနိုင်ပေမယ့် သူတို့ပြောသလို ပွင့်လင်းမြင်သာတဲ့ ပြောင်းလဲမှုမျိုးတို့ အခုလို ခံဝန်ကတိတွေ ပေးပြီးမှ ဆန္ဒပြလို့ရမယ့် ဟာမျိုးတွေဟာ တကယ့် ဒီမိုကရေစီစစ်စစ်ပေါ်မှာ အခြေခံတယ်လို့ ပြောလို့ မရနိုင်သေးပါဘူး။ စောင့်ကြည့်ရဦးမယ့်ကာလ လို့ဘဲ ထင်ပါတယ်။...