လွှတ်တော်ကြားနာပွဲ အရပ်ဖက် အဖွဲ့အစည်း ၂ဝ သပိတ်မှောက်
2015.03.06

လာမယ့် မတ်လ ၁၄ ရက်နေ့ အမျိုးသားလွှတ်တော်မှာ ကျင်းပမယ့် အမျိုးသားပညာရေးဥပဒေမူကြမ်း ကြားနာပွဲကို အရပ်ဖက်လူမှုအဖဲ့ွအစည်း ၂ဝ ကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေက တက်ရောက်မှာ မဟုတ်ကြောင်း ပြောပါတယ်။
လက်ပံတန်းမြို့မှာ ကျောင်းသားသပိတ် စစ်ကြောင်းတွေကို ပိတ်ဆို့ထားပြီး ရန်ကုန်မြို့မှာ လည်း ကျောင်းသား အဖဲ့ွတွေကို ရိုက်နှက်ဖမ်းဆီးမှုတွေ ရှိခဲ့တာကြောင့် ကြားနာပွဲကို မတက်ရောက်ဖို့ ဆုံးဖြတ် ခဲ့ကြတဲ့အကြောင်း အမျိုးသမီးရေးရာကို ဆောင်ရွက်နေ တဲ့ ပြည်ကြီးခင်အဖဲ့ွက မနွယ်ဇင်ဝင်းက ပြောပါတယ်။
"တက်ရောက်မယ့် ကိုယ်စားလှယ်တွေက မတက်ရောက်တော့ဘူးလို့ လောလောဆယ် ဆုံးဖြတ်ထားတယ်ပေါ့နော်၊ ဘာလို့လည်း ဆိုတော့ ကျောင်းသားတချို့လည်း လက်ပံတန်းမှာ ပိတ်မိနေတယ်၊ တက်ရောက်မယ့် အရပ်ဖက် အဖွဲ့အစည်းတွေကလည်း အကြံပြုလိုတဲ့အတွက်ကြောင့် သွားဖို့ဆိုပြီးတော့စဉ်းစားတယ်၊ ဒါပေမယ့် အခြေအနေကလည်း မကြာသေးခင်ကပဲ အကြမ်းဖက်မှုတွေက ရန်ကုန်မှာလည်း ဖြစ်နေတယ်ပေါ့နော်၊ ဒီလိုအခြေအနေမျိုးမှာ အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ ဒီပညာရေးဥပဒေကို အကြံပေးဖို့အတွက် သွားပြီးတော့အကြံမပေးသေးဘူးလို့ ဆုံးဖြတ်ထားတယ်"
လွှတ်တော်ကြားနာပွဲနဲ့ပတ်သက်ပြီး အရပ်ဘက်လူမှုအဖဲ့ွအစည်းက ကိုယ်စားလှယ်တွေက မနေ့က ရန်ကုန်မြို့မှာ အစည်းအဝေးပြုလုပ်ပြီး ဆွေးနွေးဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။
အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး ကြားနာပွဲတက်ရောက်ဖို့ ကမ်းလှမ်းခံထားတဲ့ ရန်ကုန်အခြေစိုက် ရတနာမေတ္တာအဖဲ့ွ၊ ဘာသာပေါင်းစုံချစ်ကြည်ရေးအသင်း ၊ မန္တလေးမြို့ ဗြဟ္မစိုရ်အသင်း ကိုယ်စားလှယ်တွေ ကလည်း မတက်ရောက်လိုတဲ့အကြောင်း အကြောင်းပြန်ထားတယ်လို့ ပြောပါတယ်။
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးကြားနာပွဲကို ပညာရေးပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) နဲ့ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကျောင်းသားကိုယ်စားလှယ်တွေကလည်း မတက်ရောက်နိုင်ကြောင်း လွှတ်တော်ကို တင်ပြခဲ့ပါတယ်။