လွှတ်တော်နဲ့ အစိုးရ အပြန်အလှန်ပြောဆိုမှုဟာ ဒီမိုကရေစီရဲ့ လက္ခဏာဖြစ်


2013.07.04
dassk-parliment-305 မေလ ၂၀ ရက်နေ့မှာကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည် တက်ရောက်လာစဉ်
Photo: RFA/ Win Naung Toe

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ယခုရက်ပိုင်း အတွင်း လွတ်တော်နဲ့ အစိုးရအကြား အပြန်အလှန် ရေးသား ပြောဆိုနေကြတာတွေဟာ ဒီမိုကရေစီနိုင်ငံတခုမှာ အုပ်ချုပ်ရေး မဏ္ဏိုင် နဲ့ ဥပဒေပြု မဏ္ဏိုင်တွေ အပြန်အလှန် ထိန်းသိမ်းတဲ့ လက္ခဏာမျှဖြစ်ပြီး စိုးရိမ် ပူပန်စရာ ပြဿနာတစ်ရပ် မဟုတ်ပါဖူးလို့  RFA ကို ပြောဆိုလိုက်ပါတယ်။

"လွှတ်တော်ဆိုတာကတော့ မေးမှာပဲလေ။အပြန်အလှန်ပြောတာဆိုတာကတော့ ထူးထူးဆန်းဆန်း မဟုတ်ပါဘူး။ဒါကို တစ်ချို့က စိတ်ပူစရာလို့ မြင်တာပေ့ါ။အစိုးရနဲ့လွှတ်တော်နဲ့ တစ်ယောက်နဲ့တစ်ယောက် ထိန်းသွားတာက သဘာဝကျပါတယ်"

RFA က ပုံမှန်တင်ဆက်နေတဲ့ ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် မနေ့က ညနေပိုင်း ဆက်သွယ်မေးမြန်းရာမှာ အခုလိုဖြေကြားလိုက်တာဖြစ်ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် က အစိုးရနဲ့ လွတ်တော်အကြား ပွင့်လင်းမြင်သာမှု အတိုင်းအတာတခု အထိရှိကြောင်း  ပြည်သူှု့လွတ်တော်မှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း မကြာခင်ရက်ပိုင်းက လာရောက်ရှင်းလင်းခဲ့တာကို ဥပမာပြု ပြောဆိုခဲ့ ပါတယ်။

တဆက်တည်းမှာပဲ ကျူးကျော်အိမ်ယာတွေကို အင်အားသုံး ဖယ်ရှားမှုတွေနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့ ဒီပြဿနာဖြေရှင်းရာမှာ အစိုးရအနေနဲ့ ဥပဒေရှုထောင့်အပြင် လူမှုရေးရှုထောင့်ကပါ ထည့်သွင်းစဉ်းစားဖို့လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။

"ကျူးကျော်နေထိုင်ခဲ့တာ အင်မတန်မှ ကြာပြီဆိုရင် အဲဒီလိုကြာတာကို ထည့်သွင်းစဉ်းစားရမယ်။ဥပဒေရေးရာအရ သူတို့က ကျူးကျော်မို့လို့ ဒီဟာကို ချက်ချင်းဖယ်ရမယ်လို့ ဒီလိုလုပ်လို့ မဖြစ်ဘူး။နှစ်ပေါင်းများစွာနေခွင့်ပေးတာတွေကို စဉ်းစားပေးရမယ်"

ဒါ့အပြင် လတ်တလောဖြစ်ပွားနေတဲ့ ဘာသာရေး လူမှုရေးပြသနာတွေကို ဖြေရှင်းရေးအတွက် ညှိနိုင်းတိုင်ပင် ဖြေရှင်းတတ်တဲ့ အလေ့အကျင့် လိုအပ်တယ်လု့ိလည်း ဒေါ်အောင်ဆန်းစုကြည် ကပြောဆိုလိုက်ပါတယ်။

အပြည့်အစုံကို ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်မှာ နားဆင်ပါ။

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။