ပါတီမှတ်ပုံ တင်ခြင်း ဥပဒေကိုပြင်ဆင်ဖို့ အမျိုးသားလွှတ်တော် အတည်ပြု
2014.03.20

နိုင်ငံရေး ပါတီတည်ထောင် သူတွေဟာ နိုင်ငံသားဖြစ်ရမယ် ဆိုတဲ့အချက်ပါဝင်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံ တင်ခြင်းဥပဒေကို ပြင်ဆင်တဲ့ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က ဒီကနေ့ အတည်ပြု လိုက်ပါတယ်။
နိုင်ငံရေးပါတီတည်ထောင် သူတွေဟာ နိုင်ငံသားဖြစ်ရမယ်ဆိုတဲ့ အချက်ပါဝင်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်တဲ့ဥပဒေကြမ်းကို အမျိုးသား လွှတ်တော်က ဒီကနေ့ အတည်ပြုလိုက်ပါတယ်။
"ထူထောင်လိုသူဟာ နိုင်ငံသားမှတ်ပုံတင်ဖြင့်အဓိက ယာယီနိုင်ငံသားတို့၊ယာယီမှတ်ပုံတင်တို့ ဒါလက်မခံနိုင်ဘူး၊ဒါနိုင်ငံသားအစစ်ကနေပြီးတော့ပါတီကိုထူထောင်ဖို့ ကိုယ့်နိုင်ငံရဲ့အာဏာဟာ ကိုယ့်နိုင်ငံသားထဲမှာရှိဖို့အတွက် ဒီအချိန်မှာ တိုင်းပြည်အာဏာကို ချုပ်ကိုင်မှာကနိုင်ငံရေးပါတီပဲ ဒါကိုအရေးတကြီးဖြစ်နေတာပဲ"
အဲ့ဒီ ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ရခိုင်ပြည်နယ် အမှတ် ၁ မဲဆန္ဒနယ်မြေ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြီးခဲ့တဲ့မတ်လ ၁၂ ရက်နေ့က အမျိုးသားလွှတ်တော် မှာတင်သွင်းခဲ့တာဖြစ်ပါတယ်။
အသစ်ပြင်ဆင်ထားတဲ့ ဥပဒေကြမ်းထဲမှာ ယခင်ကတည်ထောင်ထားတဲ့ နိုင်ငံရေးပါတီတွေဟာ အသစ်ဖြစ်လာမယ့် ဥပဒေနဲ့ကိုက်ညီအောင် ပါတီတွေကိုပြင်လည်ပြင်ဆင်ဖို့ ရွေးကောက်ပွဲကော်မရှင်က တာဝန်ယူ ဆောက်ရွက်ပေးဖို့အချက်လည်း ပါဝင်တယ်လို့သိရပါတယ်။
ဒီအတောအတွင်း နိုင်ငံသားတွေရဲ့ အခွင့်အရေးအတွက် အစိုးရရဲ့လုပ်ဆောင်ချက်တွေကို တားမြစ်နိုင်တဲ့ ဥပဒေ တစ်ရပ်ကို မနေ့ကကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်ကနေ အတည်ပြုလိုက်ပါတယ်။ ဒီအကြောင်း RFA အဖွဲ့သူမခင်ခင်အိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။