လူရွှင်တော် မောင်မေတ္တာနှင့်အဖွဲ့ ပုသိမ်မြို့ ရေဘေးသင့် ပြည်သူအတွက် လှူဒါန်း

ဟာသ သရုပ်ဆောင် လူရွှင်တော် မောင်မေတ္တာနဲ့အဖွဲ့က ပုသိမ်မြို့ ရေဘေးသင့် ပြည်သူတွေအတွက် ဆန်နဲ့ ကလေးငယ်တွေအတွက် ကျောင်းသုံးဗလာစာအုပ်တွေ ဒီကနေ့ သွားရောက် လှူဒါန်းကြောင်း သိရပါတယ်။

2012.08.29
thar-paung-htan-sinhla-flood-b305 ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၈ ရက်က ဧရာဝတီတိုင်း သာပေါင်းမြို့နယ်၊ ထန်းစင်လှကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း ရေနှစ်မြုပ်နေသည်ကို တွေ့ရစဉ်။
RFA

ပုသိမ်မြို့တဝိုက် ကန်ကြီးထောင့်မြို့နယ်၊ ကျောင်းကုန်းမြို့နယ်နဲ့ မနော်ဟရီရပ်ကွက်က ဒေသခံပြည်သူ သုံးထောင်ကျော်ကို သွားရောက် လှူဒါန်းခဲ့တာ ဖြစ်တယ်လို့ လူရွှင်တော် မောင်မေတ္တာက RFA ကိုပြောပါတယ်။

"ပန်းရဲ့လမ်းဆိုပြီးတော့ ကျွန်တော့် အနှပညာရှင်ကြီးတွေ တီးကြ ဆိုကြတယ်၊ အညာမှာ။ အဲဒီအညာမှာ တီးကြ ဆိုကြလို့ အညာသားတွေ၊ ပရိသတ်တွေ၊ ပြည်သူတွေကနေပြီးတော့ လှူလိုက်၊ ဒါန်းလိုက်တဲ့ဟာတွေ အားလုံးကို အခုပုသိမ်မှာ ရေဘေး ဒုက္ခရောက်တဲ့ လူတွေဆီကို စားရေး သောက်ရေးအတွက် ဆန်အခက်အခဲဖြစ်တယ်။ အဲဒီဆန် လာလှူကြတယ်။ ဒါးကမှာ ဆန်အိတ် ၁၀၀ လှူခဲ့ပါတယ်။ နောက်တခါ ပုသိမ်ကန်ကြီးထောင့်ပေါ့၊ အဲဒီမှာလည်း ရေဘေး ဒုက္ခသည်တွေ ရှိတယ်။ ရေကိုမြုပ်နေတာ အခုအချိန်အထိ။ အဲဒီအတွက် ကျွန်တော် ဆန်အိတ် ၁၀၀ လှူခဲ့ပါတယ်။ နောက်စာအုပ်။ ကျောင်းနေတဲ့ ကလေးတွေအတွက် စာအုပ်တွေ လှူခဲ့ပါတယ်။ အခုတခါ ကျွန်တော်တို့ ပုသိမ်မြို့ မနော်ဟရီရပ်ကွက်မှာ ဆန်အိတ် လာလှူပါတယ်ခင်ဗျာ"

ဂီတပညာရှင် မဇ္ဈိမလှိုင်း ကိုရဲလွင်တို့အဖွဲ့က နယ်လှည့်သီချင်းဆိုပြီး ရလာတဲ့ အလှူငွေတွေကို လူရွှင်တော် မောင်မေတ္တာနဲ့အဖွဲ့က အခုလို ပုသိမ်မှာ ကိုယ်တိုင်လာရောက် လှူဒါန်းပေးတာ ဖြစ်တယ်လို့ မောင်မေတ္တာက ပြောပါတယ်။

မောင်မေတ္တာနဲ့အဖွဲ့က ကန်ကြီးထောင့်မြို့နယ်က အိမ်ခြေ (၄၀၀) ကျော်၊ ကျောင်းကုန်းမြို့နယ်က အိမ်ခြေ (၄၀၀) ကျော်နဲ့ မနော်ဟရီရပ်ကွက်က လူနှစ်ထောင်ကျော်အတွက် သိန်း ၆၀ ကျော်ဖိုး ဒီကနေ့ လှူဒါန်းခဲ့တယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။