အထက်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်း မြေနေရာအတွက် လျော်ကြေးတောင်းဆို
2012.08.16

ဒီကိစ္စကို ပါဝင်ဆောင်ရွက်နေတဲ့ ကယန်းမျိုးဆက်သစ် လူငယ်များ ကွန်ရက် အတွင်းရေးမှူး လွီးစီငြိမ်းက -
"ကျွန်တော်တို့စာတင်တဲ့အတွက် ဒီသိရှိခွင့်ကပေါ့နော် အရေးတယူ ဆောင်ရွက်စေချင်တယ်။ အထူးသဖြင့် ခုနကပြောသလို ရွာက ကော်မတီဝင်တွေနဲ့ညှိနှိုင်းပြီးမှပေါ့နော်၊ ရွာရဲ ့ညှိနှိုင်းမှုတွေ ရွာသားတွေရဲ့ ဆုံးရှုံးမှုတွေ၊ အခွင့်ရေးတွေကို ပြန်လည်ပြီးမှ ချင့်ချင့်ချိန်ချိန်လေးပေါ့နော်၊ ပြန်စဉ်းစားပြီးမှ အစိုးရဘက်မှ တာဝန်ရှိတဲ့အတိုင်း ပြန်လုပ်ဆောင်ပေးဖို့ပါ။ အရေးယူ ဆောင်ရွက်မှု မရှိဘူးဆိုရင်တော့ စုပေါင်းလက်မှတ်ထိုးတာတို့ဆန္ဒပြမှုတွေကို ကျွန်တော်တို့ဆက်လုပ်သွားဖို့စဉ်းစားထားပါတယ်"
အထက်ပေါင်းလောင်းရေအား လျှပ်စစ်စီမံကိန်းကြောင့် ပင်လောင်းမြို့နယ်အတွင်း ထိန်ပင်၊ သပြေကုန်းစတဲ့ ကျေးရွာအုပ်စုတွေ အပါအဝင် ကျေးရွာပေါင်း ၂၃ ရွာက အိမ်ခြေ ၃၀၀၀ ကျော်ကို အခုနှစ် မကုန်မီ အပြီးအပိုင် ပြောင်းရွှေ့ဖို့ အာဏာပိုင်တွေ အမိန့်ထုတ်ထားတယ်လို့ သိရပါတယ်။
ရွှေ့ပြောင်းပေးရမယ့် ကျေးရွာတွေအတွက် အစိုးရ အာဏာပိုင်တွေဘက်က နစ်နာကြေးအဖြစ် အိမ်ထောင်စု တစ်စုကို ငွေကျပ် ငါးသောင်းနဲ့ ပေ ၈၀×၆၀ မြေကွက်တွေ နေရာချထားပေးမယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အိမ်ခြေ ၃၀၀၀ ကျော်အတွက် မြေနေရာ အလုံအလောက် ပြန်လည်ချထားပေးတာ မရှိတဲ့အပြင် နစ်နာကြေးငွေ ၅ သောင်းကျပ်ဟာလည်း အိမ်ထောင်စု တစ်စုအတွက် လုံလောက်မှု မရှိဘူးလို့ ဒီအရေးကို ကူညီဆောင်ရွက်ပေးနေတဲ့ ကယန်းမျိုးဆက်သစ် လူငယ်အဖွဲ့က ပြောပါတယ်။
ဒီသတင်းနဲ့ပတ်သက်ပြီး အပြည့်အစုံကို RFA အဖွဲ့သား ကိုနေရိန်ကျော်က အခုလိုတင်ပြထားပါတယ်။
![]() |
တင်ပြချက်။ |
![]() |
အသံဖိုင်ယူရန်။ |