မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့နဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင် တွေ့ဆုံဖို့ရှိ


2018.09.24
peace-commission-622.jpg UWSA , NDAA , SSPP , KIO , AA , TNLA , MNDAA ခေါင်းဆောင်တွေနဲ့ ငြိမ်းချမ်းရေးကော်မရှင်တို့ နေပြည်တော်မှာ ၂ဝ၁၈ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့က တွေ့ဆုံခဲ့စဉ်
Photo: Hla Maung Shwe - facebook

လာမယ့် အောက်တိုဘာလဆန်းမှာ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေ ဖြစ်တဲ့ ရက္ခိုင့်တပ်မတော် AA၊ ကိုးကန့် တပ်မတော် MNDAA နဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA တို့ဟာ အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ အပစ်ရပ်လက်မှတ်ရေးထိုးရေးကိစ္စအတွက် ထပ်မံ တွေ့ဆုံဆွေးနွေးသွားဖို့ရှိနေပါတယ်။

အစိုးရနဲ့ အဲဒီလို တွေ့ဆုံကြဖို့ရှိတဲ့ အချိန်မှာပဲ AA နဲ့ အစိုးရ တပ်မတော်တို့ဟာ စက်တင်ဘာလ ၂၃ ရက်နေ့ မနေ့ကပဲ ပလက်ဝမြို့နယ်အတွင်းက အုန်းသီးဝရွာနားမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ပွဲတွေမှာ နှစ်ဖက် အကျအဆုံးတွေရှိခဲ့တယ်လို့ ရက္ခိုင့်တပ်မတော်ရဲ့ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခ က RFA ကိုပြောပါတယ်။

မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့နဲ့ အစိုးရကြား တွေ့ဆုံမှုတွေဟာ သိသာထင်ရှားတဲ့ အဖြေရလဒ်တွေ မရှိဘဲ တရုတ်အစိုးရရဲ့ တိုက်တွန်းချက်အရ မလွှဲမရှောင်သာ တွေ့ဆုံနေကြတာလို့ သုံးသပ်မှုတွေ လည်း ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။