ငြိမ်းချမ်းရေး လမ်းလျှောက်သူတွေ မိုးညှင်းမြို့နယ် ရောက်ရှိ


2013.02.26

ရန်ကုန်ကနေ ကေအိုင်အေ ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့ကို ငြိမ်းချမ်းရေးအတွက်  ချီတက်လမ်းလျှောက်ကြသူတွေဟာ ဒီကနေ့မနက်မှာ ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ထဲကို စတင်ရောက်ရှိလာနေပြီလို့ RFA ကို ပြောပါတယ်။

အဲဒီအဖွဲ့ဟာ ဒီကနေ့ မနက်ကိုးနာရီမှာ ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာကို ရောက်ရှိတဲ့အခါ ဒေသခံတွေနဲ့အတူ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ ကဗျာရွတ်ဆိုပွဲတွေ ငြိမ်းချမ်းရေးသီချင်းတွေကို သီဆိုခဲ့ကြတယ်လို့ သိရပါတယ်။

လမ်းလျှောက်သူတွေဟာ လမ်းခရီးတလျှောက်မှာ စေတနာရှင်တွေ လှူဒါန်းကြတဲ့ အလှူငွေ ငွေကျပ်သိန်း ၁၇၀ ကျော်ရရှိခဲ့ပြီး အဲဒီအလှူငွေတွေကို ကချင်ပြည်နယ် စစ်ဘေးဒုက္ခသည်စခန်းကို ခွဲဝေလှူဒါန်းမယ်လို့ သိရပါတယ်။

သူတို့ရောက်နေတဲ့ မိုးညှင်းမြို့နယ်ကနေ မြစ်ကြီးနားကို မိုင်ပေါင်း ၁၁၅မိုင် လောက်ရှိပြီး မြစ်ကြီးနား ရောက်တဲ့အခါမှာတော့ ရက်ရှည်ရပ်နားမှာဖြစ်တာကြောင့် တရုတ်မြန်မာနယ်စပ်က လိုင်ဇာမြို့ကို ရောက်ရှိမယ့်အချိန်ကို ခန့်မှန်းလို့မရသေးကြောင်း ပြောပါတယ်။

ငြိမ်းချမ်းရေး လမ်းလျှောက်သူတစ်ဦးဖြစ်တဲ့ ကိုရန်နောင်ထွန်းကို RFA  ဝိုင်းတော်သား ဦးဘအောင် ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။