“ရသ အစုံအဆန်” စာဖတ်ပွဲ
2014.01.16

Photo: RFA
“ရသ အစုံအဆန်” လို့ အမည်ပေးထားတဲ့ စာဖတ်ပွဲတစ်ခုကို မန္တလေးမြို့မှာ ဇန်နဝါရီလ ၁၇ ရက် ဒီကနေ့ ကျင်းပဖို့ရှိပါတယ်။
အဲဒီပွဲကို Pen Myanmar အဖွဲ့က စီစဉ်ကျင်းပ တာဖြစ်ပြီး ရန်ကုန်နဲ့ မန္တလေးမှာရှိတဲ့ စာရေးဆရာတွေက သူတို့ရေးတဲ့ ဝတ္တုတွေကို အပြန်အလှန်ဖတ်ကြားကာ အမြင်ချင်းဖလှယ်ကြ မယ်လို့ Pen Myanmar အဖွဲ့ရဲ့ အမှုဆောင် တစ်ဦးဖြစ်တဲ့ ဦးမျိုးမြင့်ညိမ်းကပြောပါတယ်။
ဒီအဖွဲ့ရဲ့ အတွင်းရေးမှူးဖြစ်တဲ့ ဘလော့ဂါ ကိုနေဘုန်းလတ်ကလည်း မြန်မာစာရေးဆရာတွေကို စုစည်းဖို့ သူတို့ ကြိုးစားနေတယ်လို့ RFA ကို ပြောပါတယ်။ Pen Myanmar အဖွဲ့ဟာ လွတ်လပ်စွာထုတ်ဖေါ် ရေးသားခွင့်အတွက် လန်ဒန်အခြေစိုက်ဖွဲ့စည်းထားတဲ့ Pen International အဖွဲ့ရဲ့ မြန်မာပြည်ဌာနခွဲဖြစ်ပြီး ဥက္ကဌက စာရေးဆရာ မသီတာ(စမ်းချောင်း) ဖြစ်ပါတယ်။
စာရေးဆရာ မသီတာ စမ်းချောင်းနဲ့ ဆက်သွယ်မေးမြန်းထားတာကို နားဆင်ပါ။