ရှစ်လေးလုံးငွေရတု အခမ်းအနားတက်ဖို့ အနယ်နယ်က အဖွဲ့အစည်းများ ရန်ကုန်ရောက်
2013.08.05

သြဂုတ်လ ၈ ရက်နေ့မှာ ကျရောက်မယ့် ရှစ်လေးလုံး နှစ်ဆယ့်ငါးနှစ်မြောက် ငွေရတု အခမ်းအနားကို အနယ်နယ်မှာကျင်းပဖို့ စီစဉ်နေတဲ့အချိန်မှာ မန္တလေး၊ ရှမ်းပြည်နယ်က ရှစ်လေးလုံးမျိုးဆက် အဖွဲ့အစည်းတွေနဲ့ မြိတ်၊ ထားဝယ်ဖက်ကအဖွဲ့တွေဟာ ရန်ကုန်မြို့ကို လာရောက်ပူးပေါင်းနေကြပြီလို့ ရှစ်လေးလုံး မျိုးဆက်တွေက ဒီနေ့ ပြောပါတယ်။
ထားဝယ်မြို့မှာတော့ အခမ်းအနားကို ပုံမှန်အခြေအနေသာ ကျင်းပဖို့ပဲရှိတယ်လို့ ထားဝယ်ကွန်ရက်က ကိုမျိုးနန္ဒာကျော်က RFA ကိုပြောပါတယ်။
ရန်ကုန်မှာ ကျင်းပပြုလုပ်မယ့် ရှစ်လေးလုံး နှစ်ဆယ့်ငါးနှစ်မြောက် ငွေရတု အခမ်းအနားမှာ နယ်ဒေသတွေက တက်ရောက်ကြမယ့် နိုင်ငံရေးပါတီတွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကလည်း စာတမ်းတွေဖတ်ကြဖို့ စီစဉ်ထားကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် ရန်ကုန်မှာကျင်းပမယ့် အခမ်းအနားနဲ့ နယ်မြို့တွေက အခမ်းအနားတွေမှာ ၈၈ အရေးတော်ပုံမှာ ကွယ်လွန်ခဲ့တဲ့သူတွေအတွက်ရည်စူးပြီး ဆွမ်းကပ်တရားနာကြမယ်လို့လည်း သိရပါတယ်။