ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေး စိုးရိမ်ပူပန်နေကြ
2011.05.30

(Photo: AFP)
ဒေါ်အောင်ဆန်းစုကြည်က သူ နေအိမ်အကျယ်ချုပ်က ဒီတခေါက် လွတ်မြောက်ပြီးတဲ့နောက်မှာ အရင် အချိန်တွေကထက် အလွန် များပြားလှတဲ့ အလုပ်တာဝန်တွေနဲ့ ပိနေတဲ့အကြောင်း၊ ရုံးနဲ့ အိမ်နဲ့ အလုပ်နဲ့ ဆိုင်တဲ့ ကိစ္စရပ်တွေနဲ့သာ ရန်ကုန်မြို့တွင်း အချိန်ပြည့် သွားလာနေရကြောင်း၊ လ အနည်းငယ် ကြာရင်တော့ ခရီးထွက်ဖို့ စပြီး လုပ်နိုင်မယ်လို့ မျှော်လင့်ရကြောင်း RFA က ထုတ်လွှင့်နေတဲ့ “လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်ကနေ ပြောကြားခဲ့ပါတယ်။
ဒီလို ပြောကြားခဲ့ပြီးနောက်မှာ သူ့ရဲ့ လုံခြုံရေးအတွက် စိုးရိမ်ပူပန်သံတွေ အခုလို ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ RFA မှ မခင်ခင်အိက စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။
![]() |
စုစည်းတင်ပြချက်။ |
![]() |
အသံဖိုင်ယူရန်။ |