တူးမိန့်ရပ်စဲမှာစိုးပြီး ကျောက်စိမ်း ကုမ္ပဏီတွေ အလွန်အကျွံ တူးဖေါ်


2016.04.18
pharkant-machin-620.jpg ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ မြေစာသယ်ကားတွေအသုံးပြုပြီး ကျောက်စိမ်းတူးဖော်လုပ်ကိုင်နေမှုကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလ အတွင်းကတွေ့ရစဉ်
Photo: Kyaw Myo Min/ RFA

ခုတက်လာတဲ့အစိုးရသစ်က ကျောက်စိမ်းတူးဖော်ခွင့် ရုတ်တရက် ရပ်ဆိုင်းလိုက်ရင် ဆက်တူးနိုင်မှာမဟုတ်လို့  ကျောက်တွေဆက်ရှာနိုင်အောင် အရင်ကလို ကျောက်ရှာပြီးမှ မြေစာစွန့်တဲ့ စနစ်ကိုမလုပ်တော့ဘဲ ကုမ္ပဏီ ပိုင်ဝင်းတွေမှာပဲ ပုံထားတဲ့အတွက် ရေမဆေးကျောက်ရှာဖွေသူတွေ အလုပ်ရှားပါးနေပါတယ်။

အရင်ကလို ခုတူးခုကျောက်စိမ်းရှာရင် အချိန်ကြန့်ကြာနေမှာမို့ မြန်မြန်ဆန်ဆန်တူးနိုင်အောင် ဒီစနစ်ကျင့်သုံးတာ လို့ ဖားကန့်ဒေသခံ ဦးဇော်မိုးထက်က ပြောပါတယ်။

"ကုမ္ပဏီပိုင်ဝင်းအတွင်းမှာ ပုံတယ်ဆိုတာက တကယ်လို့ ဒီအစိုးရသစ်က ကျောက်စိမ်းတူးဖော်တာတွေ ရပ်လိုက်ရင် ကိုယ့်ဝင်းထဲမှာ မြေညှိသလိုလိုဘာလိုလိုနဲ့ ပြန်ရှာမလို့"

ဒါဟာ ကျောက်မရှာရသေးတဲ့ တူးပြီးသားမြေသားတွေကို စုဆောင်းထားတဲ့ သဘောမျိုးဖြစ်ပြီး အစိုးရသစ်တက်လာ ပြီးနောက်ပိုင်းမှာ  အချိန်ကုန်မခံနိုင်ဘဲ ၂၄ နာရီမပြတ် စက်ယန္တရားကြီးတွေသုံးပြီး   အလွန်အကျွံတူးဖေါ်လာနေ တာတွေ့ရတယ်လို့ ပြောပါတယ်။

စွန့်ပစ်မြေစာပုံတွေကိုလည်း အရင်ကလို အမြင့်ကြီးမပုံတော့တဲ့ အတွက်မြေစာပုံထပ်ပြိုတဲ့ သတင်းမကြားရတာ လို့လည်း မှတ်ချက်ပေးပါတယ်။

ဒီအကြောင်း လူထုအကျိုးဆောင် သတင်းထောက် ဦးဇော်မိုးထက် ကို ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။