လက်ပံတောင်းမှာ ပဋိပက္ခ ထပ်ဖြစ်


2015.07.06
lpt-workers-620.jpg ဆည်တည်းရွာမှာ ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့က ဝမ်ပေါင်ကုမ္ပဏီဝန်ထမ်းတွေ ခြံစည်းရိုးခတ်နေကြစဉ်
Photo: Kyaw Zaw Win/RFA

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်းမှာရှိတဲ့ မိုးကြိုးပြင်အလယ်ရွာနဲ့ ဆည်တည်းရွာက လယ်မြေတွေမှာ ဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးလာခတ်ရာကနေ ရွာသားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ မနေ့က ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပါတယ်။

ဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးလာခတ်တာကို ဒေသခံတွေက တားမြစ်ခဲ့ရာမှာ ဖြစ်ပွားခဲ့တာလို့ ဆည်တည်းရွာသူ မရီဝင်း က ပြောပါတယ်။

"သူတို့ဘက်က လေးခွတွေနဲ့ပစ်တော့ နဖူးတွေပေါက်တယ်၊ မျက်ခုံးတွေပေါက်တယ်၊ သွားတွေလည်းကျိုးတယ် ၊ နှုတ်ခမ်းတွေလည်းပေါက်တယ်၊ တော်တော်များများ ရင်ဘတ်တွေ ခါးတွေ နာကြတယ်၊ အယောက် ၂၅၊ ၃ဝ လောက်နာတယ်"

မနေ့ မနက်ပိုင်းမှာ ဝမ်ပေါင်ကုမ္ပဏီက မိုးကြိုးပြင်အလယ်ရွာက လျော်ကြေးမယူထားတဲ့ တောင်သူ ၃၀ ကျော်ရဲ့ လယ်မြေဧက ၇၀၀ ကျော်မှာ ခြံစည်းရိုးခတ်ဖို့ ကြိုးစားခဲ့သလို၊ ညနေပိုင်းမှာလည်း ဆည်တည်းရွာမှာ ခြံစည်းရိုးခတ်ဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။

ကုမ္ပဏီက အရင် သွပ်ဆူးကြိုးတွေနဲ့ ကာထားရာကနေ အခု ဘိလပ်မြေအုတ်တိုင်တွေရိုက်ပြီး သံဇကာတွေနဲ့ ကာရံဖို့ ကြိုးပမ်းခဲ့ပါတယ်။

ဒေသခံတွေက ခြံစည်းရိုးမခတ်ဖို့နဲ့ လယ်မြေတွေပေါ်မှာ ပြန်လည်လုပ်ပိုင်ခွင့်ပေးဖို့ တောင်းဆိုတာကြောင့် လုံခြုံ ရေးတပ်ဖွဲ့ဝင်တွေက ဝမ်ပေါင်ကုမ္ပဏီနဲ့ အစိုးရထံ တင်ပြပေးမှာဖြစ်ပြီး ၅ ရက် စောင့်ဆိုင်းပေးဖို့ သဘောတူခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့ကလည်း လက်ပံတောင်းတောင်ကြေးနီစီမံကိန်းဧရိယာအတွင်းက လယ်မြေတွေကို ဝမ်ပေါင်ကုမ္ပဏီက သွပ်ဆူးကြိုးခတ်ခဲ့ရာမှာ ဒေသခံတွေနဲ့ ပဋိပက္ခတွေဖြစ်ပွားခဲ့ပြီး မိုးကြိုးပြင်အလယ်ရွာသူ တောင်သူ ဒေါ်ခင်ဝင်း သေနတ်ထိမှန် သေဆုံးသွားခဲ့ပါတယ်။

မနေ့က ဖြစ်ပွားခဲ့တဲ့ပဋိပက္ခနဲ့ ပတ်သက်ပြီး ဒေသခံတစ်ဦးကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။