ကော့ကရိတ်မှာ လက်ပစ်ဗုံးပေါက်ကွဲပြီး ရဲတစ်ဦးသေ
2021.04.01

ကရင်ပြည်နယ် ကော့ကရိတ်မြို့မှာ မတ် ၃၁ ရက်၊ မနေ့ည ၇ နာရီလောက်က လက်ပစ်ဗုံးပေါက်ကွဲပြီး ရဲ တစ်ဦးသေဆုံးကာ စစ်သား နှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကော့ကရိတ်မြို့ထဲမှာ စစ်ကောင်စီတပ်တွေက လှည့်လည်နေစဉ်မှာ ဆိုင်ကယ်စီးလာသူ တစ်ဦးက လက်ပစ်ဗုံး ပစ်ထည့်ခဲ့တာလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ဆိုပါတယ်။
လက်ပစ်ဗုံးနဲ့ လာရောက်ပစ်သွားတဲ့သူတွေက ဒေသခံပြည်သူလား၊ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေလား ဆိုတာကိုတော့ သေသေချာချာမသိသေးဘူးလို့ ဆိုပါတယ်။
ကော့ကရိတ်မြို့ပေါ်မှာတော့ ဆန္ဒပြပွဲတွေ မရှိပေမယ့် ကျေးရွာတွေမှာတော့ အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး CRPH ကိုထောက်ခံကြောင်း ဆန္ဒပြပွဲတွေရှိနေပါတယ်။