ရဲတပ်ဖွဲ့ ရက် ၁ဝဝ စီမံချက် စတင်


2016.05.01
police-620.JPG မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
Photo: RFA

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဋ္ဌာနချုပ်ရဲ့ ညွှန်ကြားချက်နဲ့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး နဲ့ မှုခင်းကျဆင်းရေး ရက် ၁၀၀ စီမံချက်ကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဒီကနေ့ မေလ ၁ ရက်နေ့ကစပြီး အကောင်အထည် ဖော်ဆောင်ရွက်နေ ပါတယ်။

ရဲတပ်ဖွဲ့လုပ်ငန်းတွေကို အသွင်သဏ္ဍာန်ရော အနှစ်သာရပိုင်းပါ ပြောင်းလဲအောင်ဆောင်ရွက် သွားမှာဖြစ်ပြီး မူးယစ်ဆေးဝါးဖမ်းဆီးရေးကိုလည်း အရှိန်မြှင့်ဆောင်ရွက်သွားမယ်လို့ ကချင်ပြည်နယ်ရဲတပ်ဖွဲ့ရုံးက ဒုတိယရဲမှူးကြီး မျိုးသူရနောင်က ပြောပါတယ်။

"ကျနော်တို့က အခုလက်ရှိ မေလ ၁ ရက်နေ့ကနေစမယ်၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ မှုခင်းကျ ဆင်းရေး ရက် ၁ဝဝ စီမံချက် ဆိုပြီးပြောလို့ရပါတယ်၊ ကျနော်တို့က မှုခင်းကျဆင်းရေးတွေ လုပ်သွားမယ်၊ ဒီကာလအတွင်းမှာ အထူးစီမံချက်ချပြီးတော့မှ မူးယစ်ဆေးဝါးဖမ်းဆီးရေးတွေ အရှိန်မြှင့်ပြီးတော့ မှ ဆောင်ရွက်သွားမယ်၊ နောက်တစ်ခုက ဝန်ဆောင်မှုကို ရှေးရှုပြီးတော့မှ ရဲလုပ်ငန်းစနစ်ပေါ့နော်၊ ကျနော်တို့ ပညာပေးဆောင်ရွက်တဲ့ အပိုင်းတွေ ဒါတွေအားလုံးကို အရှိန်မြှင့်ပြီး ဆောက်ရွက်သွားမှာပါ၊ ကျနော်တို့ ရဲတပ်ဖွဲ့ကတော့ ယခင်နှစ်ကချမှတ်ထားတဲ့ မူဝါဒနဲ့အညီ ကိုယ့်ရဲ့လုပ်ငန်းတာဝန်အပေါ်မှာပဲ ဆက်လက်ပြီးတော့ အကောင်အထည်ဖော်သွားမှာပါ"

ဒါ့အပြင် ပြည်နယ်နဲ့ တိုင်းဒေသကြီးအလိုက် ကိုက်ညီတဲ့ စီမံချက်တွေထပ်မံရေးဆွဲပြီး ပြည်နယ်၊ ခရိုင်၊ မြို့နယ် အလိုက် ရဲတပ်ဖွဲ့တွေဟာ ဋ္ဌာနဆိုင်ရာနဲ့ အုပ်ချုပ်ရေး အဖွဲ့တွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းအကောင် အထည်ဖော်သွားမှာဖြစ်ပါတယ်။

အစိုးရသစ်လက်ထက်မှာ ပြည်ထောင်စုအဆင့်၊ ပြည်နယ်အဆင့် စတဲ့ အစိုးရဋ္ဌာနဆိုင်ရာတွေနဲ့ အုပ်ချုပ်ရေး အဖွဲ့တွေက ရက် ၁၀၀ စီမံချက်တွေ ရေးဆွဲဆောင် ရွက်နေကြတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။