ထောင်ကျ ဆရာတော် ကျန်းမာရေး စိုးရိမ်ရ

ဟင်္သာတ အကျဉ်းထောင်မှာ ၂၃ နှစ်ကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား အရှင် ဦးကေလာသ ကျန်းမာရေး ချွတ်ယွင်းနေလို့ အပြင်ဆေးရုံမှာ ကုသလိုပေမဲ့ ထောင် အာဏာပိုင်တွေက ခွင့်မပြုဘူးလို့သိရပါတယ်။

2011.11.11
monks_march_09-25-07_305_z ၂ဝဝ၇ ခုနှစ် ရွှေဝါရောင် သံဃာနှင့် လူထု လှုပ်ရှားမှုကာလတွင် ငြိမ်းချမ်းစွာ မေတ္တာပို့ ဆုတောင်းသော သံဃာများ စက်တင်ဘာလ ၂၅ ရက်နေ့က ရန်ကုန်မြို့၊ ရွှေတိဂုံ စေတီတော်မှ ဆင်းလာပြီး မြို့တွင်းသို့ စီတန်းလှည့်လည် ကြွချီတော်မူနေကြပုံ ဖြစ်ပါသည်။
AFP

ဦးကေလာသနဲ့ထောင်ထဲမှာ အတူ နေခဲ့ရပြီး မကြာခင်ကမှ ပြန်လွတ်လာသူ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုသန်းဇော်က အခုလို ပြောပါတယ်။

“အဆစ်အမြစ်တွေက တစ်ခါတလေ ကျရင် ပြန်ရောင်လာတယ်၊ ပြန်ကြီးလာတယ်။ အဲဒီအခါကျ ကိုက်ခဲတာပေါ့။ အရေပြား ရောဂါလည်း ဖြစ်နေတယ်လေ။ အကင်း မသေနိုင်ဘူး။ ဒါကြောင့် ဆေးရုံမှာ လိုအပ်တာတွေ လုပ်ချင် ကုချင်တာ။ အပြင်မှာ ဆေးကုသခွင့်က မရဘူး။”

မန္တလေး သံဃာ့သမဂ္ဂီ ဦးဆောင် ဆရာတော် တစ်ပါးဖြစ်တဲ့ ဦးခေမိန္ဒ ခေါ် ဦးကေလာသဟာ တောင်ခွင်မင်းကြီး ကျောင်းတိုက် တိုက်အုပ် ဆရာတော် ဖြစ်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ တပ်ပေါင်းစု စတင ်ထူထောင်သူ တစ်ပါးပါ။

ဦးကေလာသဟာ ဆရာတော် ဦးဂမ္ဘီယနဲ့ အမှုတွဲ တစ်ခုတည်း ဖြစ်ပြီး မူလက ထောင်ဒဏ် ၃၉ နှစ် ချမှတ် ခံခဲ့ရပေမဲ့ အယူခံမှာ ၁၆ နှစ် လျှော့ပေးလို့ လောလောဆယ် ၂၃ နှစ် ကျခံနေရပါတယ်။

ထောင်ဝင်စာ တွေ့ခွင့်မရတာ လေးနှစ်လောက် ရှိတာကြောင့် ဦးကေလာသမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ရှိတယ်လို့လည်း ကိုသန်းဇော်က ပြောပါတယ်။

“မန္တလေးနဲ့ ဟင်္သာတ ဆိုတော့ သူ့မိသားစုက ဝေးနေတယ်။ လာမတွေ့နိုင်တဲ့ အခါကျတော့ စိတ်ဓာတ်ပိုင်း ထိခိုက်မှု ရှိတာပေါ့၊”

ဦးခေမိန္ဒ ခေါ် ဦးကေလာသဟာ ရွှေဝါရောင် တော်လှန်ရေး ကာလက ဦးဂမ္ဘီယနဲ့အတူ ပြန်ကြားရေးတာဝန် ထမ်းဆောင်ခဲ့ပြီး စောစောပိုင်း ထုတ်ပြန်ကြေညာချက်တွေကို ပြည်ပအခြေစိုက် အသံလွှင့်ဌာနတွေကို ဖတ်ကြားပြခဲ့သူလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု နိုင်ငံခြားရေးတာဝန်ခံ ဆရာတော် ဦးဣဿရိယက မိန့်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-11-11 15:19

The vast question still remain for why the government put religious people in jail? I am not a Buhdist but I cannot imagine that they hit monks and even put them imprisoned. I just want to poligize to monks for the fact that please forgive them for their stupid actions, none-sense actions otherwise our country will still remain under the curse.

Anonymous
2011-11-12 01:46

အကျဉ်းသားများအတွက် ပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုလေးတော့ ပေးသင့်ပါသည်။