ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြမ်းမဖက်လမ်းစဉ် ပုပ်ရဟန်းမင်း ချီးကျူး


2013.10.29

မြန်မာနိုင်ငံမှာ ဘာသာတရားတွေကြား ဆွေးနွေးညှိနှိုင်းကြဖို့ ဗာတီကန် ကျောင်းတော်က ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ မနေ့က တွေ့ဆုံရာမှာ ပုပ်ရဟန်းမင်းကြီး Franciscus Jorge Mario Bergoglio  က ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြမ်းမဖက်တဲ့ ထိတွေ့ဆက်ဆံရေးဆောင်ရွက်မှုအပေါ် ချီးကျူးထောမနာပြုလိုက်ပြီး၊ မြန်မာနိုင်ငံမှာ မတူကွဲပြားတဲ့ ဘာသာတရားတွေချင်း ဆွေးနွေးညှိနှိုင်းနိုင်ကြဖို့ ဆုတောင်းပါကြောင်း၊ ဝတ်ပြုအခမ်းအနားမှာလည်း မြန်မာနိုင်ငံက လူတိုင်းလူတိုင်းအတွက် မခွဲခြားဘဲ ဆုမွန်ကောင်းတောင်းပေးဖို့ စီစဉ်ထားကြောင်း ပြောကြားခဲ့ပါတယ်။

အလားတူ အီတလီနိုင်ငံသား ကမ္ဘာကျော် ဘောလုံးသမားလည်းဖြစ်တဲ့ Robert Baggio ကလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ ဘယ်သူမှ အမီမလိုက်နိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်လို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ကိုယ်ခန္ဓာအားဖြင့် သေးသွယ်ပြီး၊ ပျော့ပြောင်းနွဲ့နှောင်းတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပေမဲ့၊ စိတ်ဓါတ်ပိုင်းအရကတော့ အင်မတန် ခိုင်မာအားကောင်းလှပါတယ်၊ ဘောလုံးဝေါဟာရနဲ့ ပြောရရင် သူ့ကို ဘယ်သူမှလိုက်ပြီး ကပ်မထားနိုင်ပါဘူးလို့ အီတလီ ANSA သတင်းဌာနကိုပြောကြားခဲ့ပါတယ်။

မိမိနဲ့ တခြားဗုဒ္ဓဘာသာဝင် လူမှုရေးလှုပ်ရှားသူတွေကို ရန်ကုန်မြို့ကို လာရောက်လည်ပတ်ဖို့ ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ခေါ်ခဲ့ကြောင်း ဘက်ဂီယိုက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။