အကျဉ်းကျသူများ နိုင်ငံရေး ပါတီဝင်ခွင့် တားမြစ်သည့် ဥပဒေ ပယ်ဖျက်ရေး
2011.10.05

Phto: RFA
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၇ ခုထဲက ပုဒ်မ ၃ ခုကို ပြင်ဆင်ထားတဲ့ အဲဒီ ဥပဒေမူကြမ်းကို ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးမြင့်လှိုင်က ဒီကနေ့ လွှတ်တော် အစည်းအဝေးမှာ အဆိုပြု တင်သွင်းခဲ့ကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က RFA ကို ပြောပါတယ်။
"ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ထိန်းသိမ်း စောင့်ရှောက်ရေး ဆိုတဲ့ ပုဒ်မ ၆ (ဂ) ကို ဘာနဲ့ အစားထိုးသလဲဆိုရင် 'ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လေးစားလိုက်နာရေး' ဆိုတဲ့ စာသားနဲ့ ပြင်ဆင် ပြဋ္ဌာန်းဖို့ အစားထိုးတာ ရွေးကောက်ပွဲ ကော်မရှင်က ဖတ်ပြပါတယ်။ နောက် ပုဒ်မ ၁၀ (င) 'ထောင်ဒဏ်ကျခံနေရသူ မဟုတ်ခြင်း' ဆိုတာကို ပယ်ဖျက်လိုက်ပါတယ်။ ဒါကလည်း နိုင်ငံတော်ရဲ့ လက်ရှိ အခြေအနေအရ နိုင်ငံသား အခွင့်အရေးကို အလေးထားတဲ့အနေနဲ့ အဲဒီ ပြဠာန်းချက်ကို ပယ်ဖျက်ရတာဖြစ်တယ်လို့ ညွှန်းဆိုပါတယ်။ နောက်တခုက ကြားဖြတ် ရွေးကောက်ပွဲမှာ အခုကာလမှာ မှတ်ပုံ အသစ်တင်ကြမဲ့ ပါတီတွေ အနေနဲ့ အနဲဆုံး ကြားဖြတ် ရွေးကောက်ပွဲ နေရာ (၃) နေရာကို ယှဉ်ပြိုင်မှသာလျှင် ပါတီ အဖြစ် ရပ်တည်ခွင့်ရှိတယ် ဆိုတဲ့ သဘောပါ။"
လွှတ်တော်ရဲ့ ဥပဒေမူကြမ်း ကော်မတီက ဒီအချက် ၃ ချက်ကို ထောက်ခံ ဆွေးနွေး တင်ပြထားပြီး ဖြစ်ကြောင်း ဆွေးနွေးမဲ့ ပုဂ္ဂိုလ်တွေ အနေနဲ့ လာမဲ့ ၁၀ ရက်နေ့ နောက်ပိုင်း အမည်စာရင်း တင်သွင်းဖို့ လွှတ်တော် ဥက္ကဌက ပြောကြားထားကြောင်း သိရပါတယ်။
ဒီဥပဒေမူကြမ်း ပြင်ဆင်ချက်တွေနဲ့ ပတ်သက်ပြီး ဆက်သွယ် မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |