လိင်အကြမ်းဖက်ခံရတဲ့ကိစ္စ အမှုမှန်ဖော်ထုတ်ဖို့ လယ်ဝေးမြို့မှာဆန္ဒပြ


2019.07.13
protest-for-victoria-npt-622.jpg Victoria အတွက် တရားမျှတမှုရရှိစေဖို့ နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့ပေါ်မှာ ၂၀၁၉၊ ဇူလိုင် ၁၃ ရက်နေ့က လှည့်လည်ဆန္ဒပြကြစဉ်
ဓါတ်ပုံ - သီဟထွန်း/ RFA

နေပြည်တော်ကောင်စီနယ်မြေ သပြေကုန်းမှာရှိတဲ့ Wisdom Hill ပုဂ္ဂလိက မူကြိုကျောင်းက Victoria လို့ အမည်ပေးထားတဲ့ အသက် ၂ နှစ် ၁၁ လအရွယ် ကျောင်းသူကလေးငယ် လိင်အကြမ်းဖက်ခံရတဲ့အမှုအတွက် တရားမျှတမှုရရှိစေဖို့ လယ်ဝေးမြို့ပေါ်မှာ လူဦးရေ ၅၀၀ ခန့် ဒီနေ့ လှည့်လည်ဆန္ဒပြခဲ့ပါတယ်။

Victoria အမှုကို အမှန်အတိုင်း ပြည်သူတွေကို ချပြပေးစေလိုတာကြောင့် ဆန္ဒပြတောင်းဆိုတာဖြစ်ကြောင်း ဆန္ဒပြပွဲကို ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ကိုအောင်နိုင်က ပြောပါတယ်။

ဒီနေ့ဆန္ဒပြပွဲဟာ တရားဝင်ခွင့်ပြုချက်နဲ့ ကျင်းပခဲ့တာဖြစ်ပြီး နောက်ထပ်လည်း အမှုမှန် မပေါ်ပေါက်မချင်း ဆက်လက်တောင်းဆိုသွားဖို့ရှိတယ်လို့လည်း ပြောပါတယ်။

ဆန္ဒပြသူတွေက Victoria လို့ အမည်ပေးထားတဲ့ ကလေးငယ်အတွက် တရားမျှတမှုရရှိစေဖို့၊ လူ့အဖွဲ့အစည်းအတွင်း တရားဥပဒေ စိုးမိုးစေဖို့၊ မျိုးဆက်သစ်တွေအတွက် လွတ်လပ်လုံခြုံစိတ်ချရတဲ့ လူ့အဖွဲ့အစည်းတစ်ခု ဖန်တီးပေးဖို့ နဲ့ နောက်ထပ် ဗစ်တိုးရီးယားလို ကလေးငယ်တွေ မပေါ်ပေါက်စေဖို့ တောင်းဆိုခဲ့ကြပါတယ်။

(RFA သတင်းထောက် ကိုသီဟထွန်း ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။