ပြည်မြို့ဒေသခံ ၁၀၀ ကျော် ပီအာစနစ်ကို ကန့်ကွက်


2014.08.04

ပဲခူးတိုင်းဒေသကြီး ပြည်မြို့မှာ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ နဲ့ ဒေသခံစုစုပေါင်း ၁၀၀ ကျော်လောက်က ပီအာ ခေါ် အချိုးကျကိုယ်စားပြုစနစ်ကို ဒီနေ့ ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

ဒီ ဆန္ဒပြပွဲကို ဦးဆောင်ခဲ့တဲ့ ပြည်သူ့အထောက်အကူပြုကွန်ရက်က ကိုကျော်ဆွေက အခုလို ပြောပါတယ်။

"PR စနစ်ဆိုတာ အချိုးကျစနစ် ဘယ်ပါတီပဲဖြစ်ဖြစ်၊ ဘယ်လိုပုံစံမျိုးပဲဖြစ်ဖြစ် အချိုးကျပုံစံမျိုးပဲ လွှတ်တော်ထဲကို ဝင်ရမယ်၊ လွှတ်တော်ထဲမှာ အချိုးကျပုံစံမျိုးပဲပါဝင်ရမယ့် အနေအထားပါရှိနေတယ်၊ တကယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေက အချိုးကျပုံစံမျိုးပါလာပြီဆိုရင် အရည်အချင်းမပြည့်မှီတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်ထဲကိုရောက်လာပြီဆိုရင် ကျနော်တို့တိုင်းပြည်အတွက် နစ်နာနိုင်တယ်၊ အဲဒီရည်ရွယ်ချက်တွေနဲ့ ကျနော်တို့ဆန္ဒပြတာပါ"

အဲဒီဆန္ဒပြပွဲမှာ ပြည်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ခရိုင် နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ ပြည်သူ့အကျိုးဆောင်ကွန်ရက်နဲ့ လက်တွဲကူမယ် ပြည်လူငယ်စတဲ့ အဖွဲ့တွေပူးပေါင်းပါဝင်ခဲ့ကြတာဖြစ်ပါတယ်။

မနေ့ကလည်း  ရန်ကုန်မြို့ ဗိုလ်စိန်မှန်ကွင်းမှာ  ပီအာ ခေါ် အချိုးကျကိုယ်စားပြုစနစ်ကို ကန့်ကွက်တဲ့ လူထုဟောပြောပွဲတစ်ရပ် ကျင်းပခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။