ရခိုင်ပြည်နယ်က INGO လုပ်ငန်း မကြာခင် ပြန်လည်စတင်မည်


2014.04.19
rakhine-refugees-restlement-305.jpg စစ်တွေမြို့၊ ဆတ်ရိုးကျချောင်း တစ်ဘက်ကမ်း စက်မှုဇုန် ရပ်ကွက်မှာ ဆောက်လုပ်ထားတဲ့ ရခိုင်ဒုက္ခသည်တွေအတွက် လုံးချင်းနေအိမ်များကို တွေ့ရစဉ်
photo: RFA/ Min Thein Aung

သီတင်း သုံးပတ်ကျော် ရပ်ဆိုင်းထားရတဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ နဲ့ နိုင်ငံတကာလူမှုအဖွဲ့ အစည်းတွေရဲ့ ရခိုင်ပြည်နယ်က လုပ်ငန်းတွေကို အခုလ မကုန်ခင် ပြန် လည် စတင်တော့မှာဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်း ထုတ်ပြန်ရေး ကော်မ တီ အတွင်းရေးမှူး ဦးဝင်းမြိုင်က RFA ကို အခုလို ပြော ပါတယ်။

" ကယ်ဆယ်ရေး လုပ်ငန်းက AZG ကလွဲရင် ကျန်တဲ့ အဖွဲ့တွေက MOU ထိုးတာကျန်သေးတယ်၊ အဲ့တော့ ကျန်တဲ့ အဖွဲ့တွေက UN အဖွဲ့အစည်းနဲ့ ICRC တို့ကတော့ သူတို့ရဲ့ လုပ်ငန်း နှစ်ဖက်လုံးလုပ်တဲ့ အတွက် ခွင့်ပြုထားတာတော့ရှိတယ်၊ အစိုးရ သဘောတစ်ခုတည်း မဟုတ်ဘူး၊ မြို့မိ၊ မြို့ဖတွေရဲ့ သဘောလည်း ပါတယ်၊ ဘယ်နေ့ စလုပ်မယ်ဆိုတာတော့ ရက်မပေးသေးဘူး"

စစ်တွေမြို့မှာ ပြီးခဲ့တဲ့ မတ်လ ၂၆ နဲ့ ၂၇ ရက်နေ့တွေက နိုင်ငံတကာ လူမှုအဖွဲ့အစည်းတွေရဲ့ ရုံးခန်းတွေနဲ့ ဂိုဒေါင်တွေကို တိုက်ခိုက်ခံခဲ့ရတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေကို ရပ်နားထားခဲ့ရတာပါ။

လက်ရှိမှာ နိုင်ငံတကာအဖွဲ့အစည်း ရုံးခန်းတွေကို စစ်တွေမြို့ တောင်ဘက်၊ ပြည်ထောင်စု လမ်းတစ်ဘက်မှာ တစ်စု တစ်စည်းတည်း ထားရှိဖို့ စီစဉ်ထားပြီး၊  ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ ပြန်လည်စတင်နိုင်ဖို့ မကြာခင် ရက်ပိုင်းတွေအတွင်း အစိုးရတာဝန်ရှိသူတွေအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ စစ်တွေမြို့ခံ လူကြီးတွေ နဲ့ ဆွေးနွေးညှိနှိုင်းသွားဖို့ ရှိတယ်လို့လည်း သိရှိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂရုံးရဲ့ ပြန်ကြားရေးအရာရှိ ဦးအေးဝင်းကို မသင်းသီရိက ဆက်သွယ်မေးမြန်းထား ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။