ရခိုင်ပြည်နယ် အကြမ်းဖက်ပဋိပက္ခ နဲ့ ဆက်စပ်ပြီး စုံစမ်းစစ်ဆေးနေ
2012.11.20

“လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေးကိစ္စ အပိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေ ရှိပါတယ်။ အဲဒီ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေအားလုံး တရားဥပဒေနဲ့ အညီ ဖြစ်ဖို့ဆိုပြီးတော့ ကျွန်တော်တို့ စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်နေပါတယ်။ တရားဥပဒေ ပြင်ပကနေပြီးတော့ တယောက်နဲ့တယောက် အကြမ်းဖက် လုပ်ရပ်တွေမလုပ်ပဲနဲ့ တရားဥပဒေတွင်းကပဲ နေထိုင်ဖို့ဆိုတဲ့ ဒီအချက် ၂ ချက်ကိုပဲ ကျွန်တော်တို့ ဇောင်းပေးပြီး ထိန်းသိမ်းနေတဲ့ အနေအထားပဲ ဖြစ်ပါတယ်” လို့ ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးက ပြောပါတယ်။
နှစ်ကြိမ် ဖြစ်ခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရကြတဲ့ ဒုက္ခသည်ပေါင်း တစ်သိန်း တစ်သောင်း တစ်ထောင်ကျော်ရှိတယ်လို့လည်း ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လအတွင်းက ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးရတဲ့ ဒုက္ခသည်တွေကို ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်ပေးနိုင်ပြီ ဖြစ်ပေမယ့် မကြာသေးခင်ကမှ ထပ်တိုးလာတဲ့ ဒုက္ခသည်တွေအတွက်တော့ ပြန်လည်နေရာချထားနိုင်ဖို့ကိုပဲ ဦးစားပေးဆောင်ရွက်နေရသေးတယ်လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်ထဲမှာ ဖြစ်ခဲ့တဲ့ ပြသနာတွေရဲ့ အခြေခံထဲမှာ လူမျိူးစု ၂ခုကြား လူမျိူးစွဲ ဘာသာအစွဲနဲ့ သမိုင်းအစွဲတွေကြောင့် တေ့ွရတယ်လို့လည်း ဝန်ကြီး ပြောပါတယ်။ အစိုးရအနေနဲ့ကတော့ နောက်ထပ်ပြသနာတွေမဖြစ်အောင် တရားဥပဒေစိုးမိုးရေးကို ဦးစားပေးဆောင်ရွက်နေပြီး ပြဿနာရဲ့ ဇစ်မြစ်ကို ရှာဖွေနိုင်ဖို့အတွက် ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေအရ စီစစ်ဆောင်ရွက်မှုတွေ စတင်နေပြီလိုလည်းပြောပါတယ်။
နယ်စပ်ရေးရာ ဝန်ကြီးဌာနဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးကို RFA ဝိုင်းတော်သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်ပါ။
![]() |
အသံဖိုင်နားထောင်ရန် |
![]() |
အသံဖိုင်ယူရန်။ |