ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် လုံခြုံရေးတင်းကျပ်


2016.04.28
rakhine-security-620.jpg ရခိုင်ပြည်နယ်မှာ စစ်တွေမြို့နယ်မှာ ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့က လူဝင်လူထွက်ဂိတ်တွေကို လုံခြုံရေးတွေ တိုးမြှင့်ထားပြီး စစ်ဆေးမှုတွေပြုလုပ်စဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ်မှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းကနေစတင်ပြီး မြို့တွေနဲ့ လမ်းတွေမှာ လုံခြုံရေးကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေပါတယ်။

ရခိုင်ပြည်နယ်ရဲ့ ကုန်းလမ်းတွေနဲ့ ရေလမ်းကြောင်းတွေမှာ အဓိကထားစစ်ဆေးနေတာလို့ စစ်တွေခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဝင်းနောင်က ပြောပါတယ်။

"ကျနော်တို့က ရခိုင်ပြည်နယ်အတွင်းကို ဝင်လာတဲ့ ကားတွေကစပြီးတော့ ရခိုင်ပြည်နယ်ရဲ့ ဝင်ပေါက် ကနေပြီးတော့ စပြီးတော့စစ်တာပါ၊ လက်နက်ခဲယမ်းတို့ မူးယစ်ဆေးဝါးတို့ အဓိကက ဒါတွေဝင်ရောက် မလာရေးပါပဲ"

ရခိုင်ပြည်နယ်ထဲကို လက်နက်ခဲယမ်းတွေ ဝင်ရောက်မလာဖို့ကို အဓိက တားဆီးစစ်ဆေးတာဖြစ်ပြီး မူးယစ်ဆေးဝါးသယ်ဆောင်မှုကို တားဆီးနိုင်အောင်အတွက်လည်း ပူးတွဲဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

အခုလို လူဝင်လူထွက်ဂိတ်တွေမှာ လုံခြုံရေးဆောင်ရွက်မှုကို ရဲတပ်ဖွဲ့၊ လဝကအဖွဲ့တွေနဲ့ တပ်မတော်တို့ ပူးပေါင်းဆောင်ရွက်နေတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဧပြီလ ၁၆ ရက်နေ့လောက်ကနေစတင်ကာ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း ၊ ကျောက်တော် စတဲ့မြို့နယ်တွေနဲ့ ထိစပ်နေတဲ့ လောရမတောင်တန်းတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲ့ဒီမြို့နယ်တွေမှာ ဒေသခံ ၁၀၀၀ လောက် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။