ရခိုင်ပြည်နယ်နေ့ အခမ်းအနား ရန်ကုန်မြို့မှာ ခမ်းနားစွာကျင်းပ


2013.12.15

ဒီနေ့ ကျရောက်တဲ့ ၃၉ ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို ရန်ကုန်မြို့ သာကေတ တိုင်းရင်းသားကျေးရွာမှာ ဒီမနက် ကျင်းပပြုလုပ်ခဲ့ရာမှာ   ရခိုင်တိုင်းရင်းသား လေးသောင်းနီးပါးလောက် တက်ရောက်ခဲ့တယ်လို့အခမ်းအနား စီစဉ်သူတွေက ပြောပါတယ်။

အဲဒီအခမ်းအနားမှာ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးရေး စတဲ့ အဆိုသုံးရပ်ကို တက်ရောက်သူတွေက ထောက်ခံကြကြောင်း အခမ်းအနားကို ဦးဆောင်ကျင်းပသူ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က အာအက်ဖ်အေကို ပြောပါတယ်။

“ရခိုင်ပြည်နယ် ပြန်လည်တည်ငြိမ်ရေးနဲ့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအဆို၊ တရားဥပဒေ စိုးမိုးရေးအဆို၊ နောက်တစ်ခုက နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဆိုတဲ့အဆို၊ ရခိုင်ပြည်နယ် တစ်နံတစ်လျားက ကျင်ကိုင်တဲ့သူတွေ အခုဒီမှာလာကိုင်နေကြတယ်”

ဒီအခမ်းအနားမှာ ရခိုင်ရိုးရာ ကျင်ကိုင်ပွဲကိုလည်း ကျင်းပခဲ့ပြီး ရခိုင်ပြည်နယ် တစ်နံတစ်လျားက ရိုးရာကျင်ကိုင် အားကစားသမားတွေ လာရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

ရန်ကုန်မြို့မှာ ခုလို ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို ကျင်းပခဲ့ကြပေမယ့် ရခိုင်ပြည်နယ်မှာတော့ အခမ်းအနားတွေကို အကျဉ်းချုံးပြီးသာ ကျင်းပကြတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။