ရခိုင်မူကြမ်းစီမံချက်ပါ အစီအစဉ် တချို့အပေါ် စိုးရိမ်ကြောင်း အမေရိကန်ပြောကြား
2014.10.04

နိုင်ငံသားဖြစ်ခွင့်မရသူတွေကို ယာယီဒုက္ခသည် စခန်းတွေမှာ ဆက်လက်ထိန်းသိမ်းထားရေးအပါ အဝင် မြန်မာ အစိုးရရဲ့ ရခိုင်ပြည်နယ်ဒုက္ခသည် များ ပြဿနာဖြေရှင်းရေး လုပ်ငန်းစီမံချက်အပေါ် စိုးရိမ်မှုတွေ ရှိကြောင်း အမေရိ ကန်အစိုးရ နိုင်ငံခြားရေးဌာနက မနေ့က ပြောကြားလိုက် ပါတယ်။
ဝါရှင်တန်ဒီစီမြို့တော်မှာ သောကြာနေ့ညနေပိုင်းက ကျင်းပတဲ့ နိုင်ငံခြားရေးဌာန နေ့စဉ်သတင်းစာရှင်းလင်းပွဲ မှာ ပြော ခွင့်ရအမျိုးသမီး ဂျင်ဆားကီး (Jen Psaki) က အခု လို ပြောကြားလိုက်တာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်ပြဿနာဖြေရှင်းရေး လက်တွေ့လုပ်ငန်းစီမံ ကိန်း မူကြမ်းနဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရနဲ့အတူ တခြားနိုင်ငံခြားသံတမန် အသိုင်းအဝိုင်းအနေနဲ့ စိုးရိမ် ပူပန်တာတွေကို မြန်မာအစိုးရကို ပြောကြားခဲ့ကြောင်း၊ ဒီအထဲမှာ နိုင်ငံသားဖြစ်ခွင့်မရသူတွေကို ယာယီဒုက္ခသည် စခန်းတွေမှာ ဆက်လက်ထိန်းသိမ်းထားရေးကိစ္စလည်းပါဝင်ကြောင်း မစ္စဆာကီးက ပြောပါတယ်။
အမေရိကန်အပါအဝင် သံတမန်အသိုင်းဝိုင်းက အကြံပြုချက်တွေကို မူကြမ်းစီမံချက်ထဲမှာ ပြင်ဆင်ထည့်သွင်းပြီး ဖြေ ရှင်းဆောင်ရွက်ပေးဖို့တိုက်တွန်းကြောင်း၊ မြန်မာအစိုးရဖက်က မူကြမ်းပြန်ပြင်ထားတဲ့ စီမံချက်ကိုလည်း ပြန်လည် ကြည့်ရှုအကြံပြုခွင့်ရမယ်လို့ မျှော်လင့်ကြောင်းလည်း နိုင်ငံခြားရေးဌာနက ကြေညာချက်မှာ ဖော်ပြထားပါတယ်။