ဘာသာရေးကျောင်းတွေ ဖွင့်ခွင့် မပြုရေး လွှတ်တော်ကြားနာပွဲမှာ တင်ပြ


2015.03.11
parliament-hearing-305.jpg အမျိုးသားလွှတ်တော်မှာ မတ်လ ၅ ရက်နေ့က အမျိုးသားပညာရေး ဥပဒေမူကြမ်း ကြားနာပွဲ ကျင်းပစဉ်
Photo: Myo Thant Khaing/RFA

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် အမျိုးသားလွှတ်တော်မှာကျင်းပတဲ့ ကြားနာပွဲကို ကျောင်း သားသပိတ်ကိုထောက်ခံတဲ့ ပြည်သူ့ကိုယ်စားလှယ် ၄ ဦး တက်ရောက်ခဲ့ပါတယ်။

ဒီနေ့ ကြားနာပွဲကို တက်ရောက်ခဲ့တဲ့ ဦးခင်မောင်လွင်က ဘာသာရေးကျောင်းတွေကို ဖွင့်ခွင့်မပြုဖို့ တင်ပြဆွေးနွေး ခဲ့တယ်လို့ ပြောပါတယ်။

"တခြားဘာသာရေးကနေဖွင့်လှစ်တဲ့ ပညာသင်ကျောင်းတွေအကုန်လုံးကို ခွင့်မပြုဖို့ ကျနော်တို့ အဓိကဆွေးနွေးတင်ပြခဲ့တာဖြစ်ပါတယ်၊ နောက် မိခင် ဘာသာစကားနေရာမှာ ကျနော်တို့ ကျောင်းမှာ သင်ကြားသည့် ဘာသာစကားသည် မိခင်ဘာသာ စကား ဖြစ်ရပါမယ် အခြေခံပညာကျောင်းတွေ အကုန်လုံးပေါ့ "

အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်တဲ့ ဥပဒေကြမ်းအပေါ်ကြားနာပွဲမှာ ကျောင်းသား သပိတ်စစ်ကြောင်းကို အားပေးထောက်ခံတဲ့ ပြည်သူတွေအနေနဲ့ ပါဝင်ဆွေးနွေးခွင့်ရှိကြောင်း ကြေညာခဲ့ရာ စာရင်းပေးသူ ၆ ဦးရှိပြီး ၄ ဦး တက်ရောက်ခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။