ဘာသာရေး အဆောက်အဦများမှာ လုံခြုံရေး အမြဲရှိသင့်တယ်လို့ ဦးဝီရသူမိန့်


2013.09.10

ဘာသာရေးဆန်ဆန် ပဋိပက္ခတွေကို ထိန်းချုပ်နိုင်ဖို့အတွက် ဘာသာရေး အဆောက်အဦးတွေမှာ လုံခြုံရေးတာဝန်ရှိသူတွေ အမြဲရှိနေသင့်တယ်လို့ ဆရာတော် ဦးဝီရသူက ဒီနေ့ မိန့်ကြားလိုက်ပါတယ်။

ဒီနေ့ ရန်ကုန်မြို့ ဒဂုံမြို့သစ်အရှေ့ပိုင်း ၁၃ ရပ်ကွက် ကေသာရာမကျောင်းတိုက်မှာ ကျင်းပခဲ့တဲ့ မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက်ဆရာတော်ဦးဝီရသူနဲ့ အစ္စလာမ်ဘာသာဝင် ဒိုင်းမွန်းရွှေကြည်တို့ရဲ့ ဘာသာရေးဆိုင်ရာ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီး ဆရာတော်က RFA ကိုအခုလို မိန့်ပါတယ်။

ဘာသာရေးဆန်တဲ့ ပဋိပက္ခတွေဖြစ်ပွားခဲ့တဲ့ မြို့အတော်များများမှာ အစိုးရရဲ့လုံခြုံရေးဆိုင်ရာ အားနည်းချက်တွေရှိခဲ့တာကြောင့် မလိုလားအပ်ပဲ ပျက်စီးဆုံးရှုံးတာတွေဖြစ်ခဲ့ရတာလို့ ဆရာတော် ဦးဝီရသူက မိန့်ပါတယ်။

ဒါ့အပြင် ဘာသာရေးဆန်တဲ့ အဓိကရုဏ်းတွေမှာ နှစ်ဘက်ဘာသာဝင်တွေက ဥပဒေမဲ့လုပ်ရပ်မျိုးတွေ မလုပ်မိကြဖို့ လိုအပ်တယ်လို့လည်း ဆရာတော်က မိန့်ပါတယ်။

ဗုဒ္ဓဘာသာဝင်တွေနဲ့ အစ္စလာမ်ဘာသာဝင်တွေ ငြိမ်းငြိမ်းချမ်းချမ်း အတူနေထိုင်ကြဖို့ ရည်ရွယ်ချက်နဲ့ ဆရာတော် ဦးဝီရသူနဲ့ အစ္စလာမ်ဘာသာဝင် ဦးရွှေကြည်(ဒိုင်းမွန်းရွှေကြည်)တို့ ဒီနေ့မနက်ပိုင်းက ရန်ကုန်မြို့မှာ ဆွေးနွေးခဲ့ကြပါတယ်။ ဒီအကြောင်းကို RFA သတင်းထောက် ကိုကျော်သူ တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။