အစီရင်ခံစာအတိုင်း ဖော်ဆောင်ဖို့ လက်ပံတောင်းဒေသခံတွေ တိုက်တွန်း


2014.07.18
lpt-305.jpg လက်ပံတောင်းတောင်ပုံ
Photo: RFA

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို စုံစမ်းရေးကော် မရှင်ရဲ့ အစီရင်ခံစာအတိုင်း အကောင်အထည်ဖော်နေ ပါတယ်လို့ ဦးပိုင်နဲ့ တရုတ်ဝမ်ပေါင်ကုမ္ပဏီက အစိုးရ သတင်းမီဒီယာတွေကနေပြောဆိုနေတာဟာ လက်တွေ့ဆောင်ရွက်ချက်နဲ့ကွဲလွဲနေ တဲ့အကြောင်း ဒေသခံပြည်သူတွေက စာတမ်းတစ်စောင်ရေးသားပြီး စုံစမ်းရေးကော်မရှင်ဥက္ကဌဒေါ်အောင်ဆန်းစုကြည်ဆီ ဒီနေ့ပေးပို့ကြသလို၊ ဒီအကြောင်းနဲ့ ပတ်သက်တဲ့သတင်းစာရှင်းလင်းပွဲကိုလည်း ရန်ကုန်မြို့ သမိုင်း- မြို့မပရိယတ္တိစာသင်တိုက်မှာ ဒီနေ့ နေ့လည်ကပြုလုပ်ခဲ့ကြပါတယ်။

ဒါနဲ့ပတ်သက်လို့ မိုးကြိုးပြင်မြောက်ရွာသား ကိုအောင်မြင့်သိန်းက အခုလိုပြောပါတယ်။

"လက်ပံတောင်းတောင်ကြေးနီစီမံကိန်း စုံစမ်းရေးကော်မရှင် အစီရင်ခံစာပါ အကြံပြုချက်များကို လုပ်ငန်းဖော်ဆောင်ရေးကော်မတီက လုပ်ဆောင်ပေးမှှု မရှိသေးပါဘူးလို့ လာပြီးတော့ တင်ပြပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ဆီကို အဲ့ဒီအစီရင်ခံစာကို လာတင်ရင်းနဲ့ ကျနော်တို့က သတင်းစာရှင်းလင်းပွဲ လုပ်ဖြစ်ခြင်းဖြစ်ပါတယ်ခင်ဗျ၊ ဒေါ်အောင်ဆန်းစုကြည်ဆီ တင်မယ့်စာကို ကျနော်တို့ စာအုပ်တစ်ရာလုပ်ပြီးတော့ အခုဝေပါတယ်"

ဦးပိုင်နဲ့တရုတ်ဝမ်ပေါင်ကုမ္ပဏီက စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာအတိုင်းမလိုက်နာဘဲ စီမံကိန်းကိုဆက်လုပ်နေတဲ့အတွက် ဒေသခံတွေအနေနဲ့ အခုနောက်ပိုင်း စီးပွားရေးနဲ့ လူနေမှုဘဝတွေ ပိုပြီးဆိုးလာနေသလို၊ ကုမ္ပဏီကိုကာကွယ်နေတဲ့ အမှုထမ်းတွေနဲ့လည်း ကျွဲနွားကျောင်းတာကအစ အမြဲလိုလိုထိပ်တိုက်တွေ့နေရတယ်လို့လည်း ပြောပါတယ်။

ဒီနေ့သတင်းစာရှင်းလင်းပွဲမှာ ပါဝင်ခဲ့တဲ့ ဇီးတော်ရွာ စမ်းမြဝတီကျောင်းတိုက်ဆရာတော် ဦးအာလောက ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။