သတင်းအရေးအသား မှားယွင်းမှုအတွက် တောင်းပန်လွှာ
2017.07.26
ဇူလိုင်လ ၂၄ ရက်နေ့က RFA မြန်မာပိုင်းက ထုတ်လွှင့်ခဲ့တဲ့ “ဘားအံနဲ့ မန္တလေးက မဘသဆိုင်း ဘုတ်တွေကိစ္စ ညှိနှိုင်းသွားမည်” သတင်းမှာ နောက်ခံ အချက်အလက်အဖြစ် ဖော်ပြရာမှာ... “မြန်မာနိုင်ငံမှာ ၁၉၈ဝ ပြည့်နှစ်က ကျင်းပတဲ့ ဂိုဏ်းပေါင်းစုံသံဃာ့ညီလာခံက ချမှတ်ထားတဲ့ ရွှေကျင်၊ မိုးကုတ်၊ လယ်တီ စတဲ့ ဂိုဏ်းကြီးကိုးဂိုဏ်း ကိုသာ သံဃာ့အဖွဲ့အစည်းအဖြစ် တရားဝင် သတ်မှတ်ထားတာဖြစ်ပါတယ်” လို့ မှားယွင်းဖော်ပြမိခဲ့ပါတယ်။
အဲဒီဖော်ပြချက်ဟာ သာသာနာရေးဝန်ကြီးရဲ့ ပြောကြားချက်မဟုတ်ဘဲ သတင်းနောက်ခံအကြောင်းအရာအဖြစ် မှားယွင်းဖော်ပြမိတာသာ ဖြစ်ပါတယ်။ဝါကျအထားအသိုကြောင့် ဝန်ကြီးပြောသယောင် ဖြစ်သွားပြီး အဲဒီအ မှားကြောင့် ဝေဖန်တိုက်ခိုက်မှုတွေ၊ ထိခိုက်နစ်နာမှုတွေ ရှိခဲ့ရင် RFA မြန်မာဌာနက အလေးအနက် တောင်းပန် အပ်ပါတယ်။
RFA မြန်မာဌာန။