စစ်ကိုင်းတိုင်းက အကျဉ်းထောင် တချို့မှာ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေ


2019.01.12
yulwinaung-mnhrc-622.jpg မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင် ကို တွေ့ရစဉ်
Photo: Htet Arkar/ RFA

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မုံရွာ၊ ကလေး၊ ကလေးဝဘက်က အကျဉ်းစခန်းတွေက အကျဉ်းသားတွေဟာ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေကြောင်း မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က RFA ကို ပြောပါတယ်။

အကျဉ်းစခန်းအတွင်းက အကျဉ်းသားတွေဟာ ကျန်းမာရေးအတွက် စိုးရိမ်နေရကြောင်း လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ပြောကြားတဲ့အတွက် ကော်မရှင်က သွားရောက်စစ်ဆေးတာဖြစ်ပြီး သွားကြည့်တဲ့ အကျဉ်းစခန်းတွေထဲက အကျဉ်းစခန်း ၄ ခုလောက်မှာ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေကြောင်း ဦးယုလွင်အောင်က ပြောပါတယ်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလဆန်းကစပြီး သွားရောက်စစ်ဆေးခဲ့တဲ့ အကျဉ်းစခန်း ၈ နေရာရှိပြီး မဟာမြိုင်တော အတွင်းက အကျဉ်းစခန်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှု ရှိ၊ မရှိ သွားရောက်ကြည့်ရှုခဲ့ပြီး အကျဉ်း စခန်းအတွင်း အကျဉ်းသားတွေအတွက် လိုအပ်တာတွေကို ကျန်းမာရေး ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန တို့ကို ဆက်လက်တင်ပြသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ အကျဉ်းစခန်း ၅၀ နီးပါးရှိနေပြီး တချို့ အကျဉ်းစခန်းတွေမှာ အကျဉ်းသားတွေအတွက် လိုအပ်တဲ့ အဝတ်အစားတွေ အသုံးအဆောင်ပစ္စည်းတွေကို လာရောက်စစ်ဆေးချိန်မှာ ထုတ်ပေးပြီး စစ်ဆေးမှု ပြီးစီးသွားရင်တော့ ပြန်သိမ်းတဲ့အကျဉ်းစခန်းတွေလည်း ရှိကြောင်း ဦးယုလွင်အောင်က ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။