မွတ်စလင်တွေ သုတ်သင်ရှင်းလင်းခံရမှု နိုင်ငံတကာ ရာဇဝတ်ခုံရုံး တင်မည်


2017.11.13
rohingya-refugees-622 ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောက်စ်ဘဇားဒေသရှိ ဒုက္ခသည်စခန်းက မွတ်စလင်တွေကို တွေ့ရစဉ်
Photo: UNHCR

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ ခေါ် မွတ်စလင်တွေ သုတ်သင်ရှင်းလင်းခံနေရတဲ့အပေါ်၊ အထူးသဖြင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံနေရတာနဲ့ပတ်သက်ပြီး ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးကိုတင်မယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပဋိပက္ခအတွင်း လိင်ပိုင်းအကြမ်းဖက်မှုဆိုင်ရာ အထူးကိုယ်စားလှယ် Pramila Patten က ပြောပါတယ်။

လိင်အကြမ်းဖက်ခံခဲ့ရသူတွေအတွက် အထူးဝန်ဆောင်မှုတွေပေးနိုင်ဖို့ အမေရိကန်ဒေါ်လာ ၁၀ သန်း ဝန်းကျင် လိုအပ်ကြောင်းလည်း ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောက်စ်ဘဇားက ဒုက္ခသည်စခန်းတွေကို သုံးရက်ကြာ သွားရောက်ကြည့်ရှုခဲ့အပြီး ဒါကာမြို့မှာ ပြောကြားလိုက်တာပါ။ နယူးယောက်ကို ပြန်ရောက်တာနဲ့ ဒီကိစ္စ ICC ဥက္ကဌ ကို တင်ပြမယ်လို့လည်း ပြောပါတယ်။

မြန်မာစစ်တပ်ဟာ လိင်အကြမ်းဖက်မှုကို လူမျိုးတုံးရှင်းလင်းရေးအတွက် လက်နက်သဖွယ် အစီအစဉ်ရှိရှိ သုံးစွဲနေကြောင်းလည်း ပြောပါတယ်။

ဒါ့ပြင် ကောက်စ်ဘဇားက ဒုက္ခသည်စခန်းတွေရဲ့ အခြေအနေတွေကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ထံ အကျဉ်းချုပ် တင်ပြမှာဖြစ်ပြီး၊ လာမယ့်နှစ် မတ်လမှာတင်သွင်းမယ့် နှစ်လည်အစီရင်စာမှာလည်း မြန်မာနိုင်ငံအကြောင်း ထည့်သွင်းတင်ပြမယ်လို့လည်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။