ထောင်တွင်းဆူပူမှု လူမှုကွန်ရက်မှာ တိုက်ရိုက်လွှင့်ခဲ့တဲ့ အကျဉ်းသားကို အရေးယူမည်

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုထောင်အတွင်း ဆန္ဒပြတာတွေကို လူမှုကွန်ရက်မှာ တိုက်ရိုက်တင်ခဲ့တဲ့ အကျဉ်းသားအပါအဝင် လေးဦးကို အကျဉ်းထောင်အက် ဥပဒေ ပုဒ်မ ၄၂ နဲ့ အရေးယူထားပြီး ဖုန်းပေးခဲ့တဲ့ အကျဉ်းဦးစီးဝန်ထမ်းကိုတော့ စိစစ်ပြီး တရားစွဲဆိုသွားမယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက် အကျဉ်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးက RFA ကို ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုထောင်အတွင်း ဆန္ဒပြတာတွေကို လူမှုကွန်ရက်မှာ တိုက်ရိုက်တင်ခဲ့တာကို တွေ့ရစဉ် Photo: Aye Lwin - fb

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုထောင်အတွင်း ဆန္ဒပြတာတွေကို လူမှုကွန်ရက်မှာ တိုက်ရိုက်တင်ခဲ့တဲ့ အကျဉ်းသားအပါအဝင် လေးဦးကို အကျဉ်းထောင်အက် ဥပဒေ ပုဒ်မ ၄၂ နဲ့ အရေးယူထားပြီး ဖုန်းပေးခဲ့တဲ့ အကျဉ်းဦးစီးဝန်ထမ်းကိုတော့ စိစစ်ပြီး တရားစွဲဆိုသွားမယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက် အကျဉ်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးက RFA ကို ပြောပါတယ်။

မေလ ရှစ်ရက်နေ့ညက ရွှေဘိုအကျဉ်းထောင်တွင်းဆူပူမှုကို တိုက်ရိုက်လွှင့်တင်ခဲ့တဲ့ အကျဉ်းသားတစ်ဦးနဲ့ ပါဝင်ပတ်သက်နေတဲ့ အကျဉ်းသား သုံးဦးရှိပြီး ဖုန်းစုစုပေါင်း လေးလုံး စစ်ဆေးတေ့ွရှိခဲ့တယ်လို့ ဦးမင်းထွန်းစိုးက ပြောပါတယ်။

မေလ ရှစ်ရက်နေ့က ကလေးအကျဉ်းထောင်ကစပြီး အကျဉ်းသားတွေ လွတ်ငြိမ်းချမ်းသာခွင့် တန်းတူအခွင့်အရေး ရရှိရေး၊ သတင်းမီဒီယာတွေနဲ့ တွေ့ခွင့်ရရေး၊ လူ့အခွင့်အရေး ကော်မရှင်နဲ့ တွေ့ဆုံခွင့်ပေးရေးနဲ့ အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခွင့်ပေးရေး စတဲ့အချက်တွေ တောင်းဆိုခဲ့ကြတာပါ။

မေ ရှစ်ရက်နေ့ညပိုင်းမှာ စစ်ကိုင်းတိုင်း ရွှေဘိုထောင်တွင်း ဆူပူမှုမှာတော့ သေနတ်ပစ်ခတ်ခဲ့ရအထိ ဖြစ်ခဲ့ပြီး အကျဉ်းသား လေးဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org