SSPP/SSA တပ်တွေကို ဆုတ် ခွာပေးဖို့ အရှေ့မြောက်ပိုင်းစစ် ဌာနချုပ်ပြော


2016.04.20
sspp-ssa-620.jpg SSPP/SSA ရှမ်းပြည်တပ်မတော် တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
Photo: RFA

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်က လွယ်စေး၊ လွယ်လန်းတောင်ကြောမှာ ရှိနေတဲ့ ရှမ်းပြည်တိုး တက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA  တပ်တွေကို လာမယ့် ဧပြီလ ၂၂ ရက်နေ့ နောက်ဆုံးထားပြီး ဆုတ်ခွာပေးဖို့ လားရှိုးမြို့အခြေစိုက် အရှေ့မြောက်ပိုင်းစစ်ဌာနချုပ်က ပြောထားပါတယ်။

SSPP/SSA တာဝန်ရှိသူတွေကို အရှေ့မြောက်ပိုင်းစစ်ဌာနချုပ်ထံ ခေါ်ယူတွေ့ဆုံပြီး တပ်တွေဆုတ်ခွါပေးဖို့ပြော တာဖြစ်တယ်လို့ သွားရောက်တွေ့ဆုံခဲ့တဲ့ SSPP/SSA လားရှိုးမြို့ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်မှူးအောင်လတ် က ပြောပါတယ်။

အစိုးရတပ်မတော်ရဲ့ ညွှန်ကြားချက်အတိုင်း တပ်တွေဆုတ်ခွာဖို့ သင့်၊ မသင့်ကို SSPP/SSA  ထိပ်ပိုင်းခေါင်းဆောင်တွေက ဝမ်ဟိုင်းဌာနချုပ်မှာ ဆွေးနွေးနေကြပါတယ်။

SSPP/SSA အဖွဲ့ဟာ ရှမ်းပြည်နယ် မိုင်းရှူး၊ ကျေးသီး၊ မိုင်းနောင်၊ မိုင်းစန် စတဲ့ မြို့နယ်ပေါင်း ၃၀ ကျော်မှာ တပ်တွေအခြေချထားတာ ၁၀ စုနှစ်ကျော် ကြာမြင့်နေပြီဖြစ်သလို လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်မှာ ဝမ်ဟိုင်းဌာနချုပ်ကို အခြေပြုပြီး SSPP/SSA  တပ်တွေဖြန့်ခွဲထားတဲ့ မြို့နယ်တွေမှာ ယာယီနေထိုင်ဖို့ အစိုးရနဲ့ သဘောတူညီထားပြီးဖြစ် တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC ရဲ့တောင်းဆိုချက်အရ ပြီးခဲ့တဲ့နှစ် က မိုင်းရှူးမြို့နယ်အတွင်းမှာရှိတဲ့ SSPP/SSA တပ်တွေကို ဆုတ်ခွာပေးခဲ့ပြီးဖြစ်ကြောင်းလည်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။