စစ်ပွဲတွေရပ်ဖို့ တောင်းဆိုတဲ့ အလံဖြူလှုပ်ရှားမှု


2016.12.06
stop-war-white-flage-movement-620.jpg ပြည်တွင်းစစ် ချက်ခြင်းရပ်ပေးဖို့ ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေးကွန်ယက်က ဦးဆောင်ကာ လူတစ်ရာနီးပါး အလံဖြူတွေ ကိုင်ဆောင်ပြီး ရန်ကုန်မြို့မှာ ဒီဇင်ဘာလ ၆ ရက်နေ့က ဆန္ဒဖော်ထုတ်စဉ်
Photo: Htet Arkar/RFA

ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေးကွန်ယက်က ဦးဆောင်ပြီး ပြည်တွင်းစစ် ရပ်စဲဖို့ လူတစ်ရာနီးပါးက ဒီနေ့ ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်းနဲ့ ကမ်းနားလမ်းထောင့်ကနေ ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့အထိ အလံဖြူတွေ ကိုင်ဆောင်ပြီး လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။

အဲဒီဆန္ဒပြပွဲမှာ ငြိမ်းချမ်းရေး လိုလားတဲ့ ပြည်သူတွေလည်း ပါဝင်ပြီး တိုက်ပွဲဖြစ်နေတဲ့ နှစ်ဖက်တပ်တွေကို ပစ်ခတ်မှုတွေ ရပ်တန့်ဖို့ တောင်းဆိုကြပါတယ်။

ဆန္ဒပြသူတွေဟာ ချီတက်ရာလမ်းတလျှောက်မှာရှိတဲ့ ပြည်သူတွေကို အလံဖြူတွေ ဝေငှပေးကြပြီး ငြိမ်းချမ်းရေးကို လိုလားသူအားလုံး အိမ်တွေ၊ ကားတွေ၊ ဆိုင်ခန်းတွေ နဲ့ ဆိုက်ကားတွေမှာ အလံဖြူတွေကို ချိတ်ဆွဲထားပြီး အသံတိတ်ဆန္ဒထုတ်ဖော်နိုင်ကြောင်း တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။