မြန်မာနိုင်ငံ ပဋိပက္ခရပ်ဆိုင်းရေး ချက်ချင်းအရေးယူဖို့ မလေးရှားအဖွဲ့တောင်းဆို

2023.04.14
မြန်မာနိုင်ငံ ပဋိပက္ခရပ်ဆိုင်းရေး ချက်ချင်းအရေးယူဖို့ မလေးရှားအဖွဲ့တောင်းဆို ၂၀၀၁ ခုနှစ် ဇွန်လ ၁၈ ရက်နေ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့က သူ၏ရုံးခန်းတွင် တွေ့ရသည့် ဒေါက်တာ ဆာယက် ဟာမစ် အယ်လ်ဘာ။
Reuters

MAGM လို့ အတိုကောက်ခေါ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ မလေးရှားအကြံပေးအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ ဆာယက် ဟာမစ် အယ်လ်ဘာက မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ ရပ်ဆိုင်းဖို့အတွက် နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ ချက်ချင်းအရေးယူဖို့ မုချလိုအပ်နေပြီလို့ ဧပြီလ ၁၃ ရက်နေ့က ပြောကြားလိုက်ပါတယ်။

ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာမှာ စစ်ကောင်စီရဲ့ လေတိုက်တိုက်ခိုက်မှုကြောင့် အမျိုးသမီးနဲ့ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေအပါအဝင် လူတွေရာနဲ့ချီ သေဆုံးခဲ့ရတဲ့ အဖြစ်အပျက်ကို သူက ပြင်းထန်စွာ ရှုတ်ချလိုက်ပြီး ငြိမ်းချမ်းရေး၊ တရားမျှတမှုနဲ့ ဒီမိုကရေစီရေးအတွက် ကြိုးပမ်းလှုပ်ရှားနေကြတဲ့ မြန်မာပြည်သူတစ်ရပ်လုံးနဲ့ မိမိတို့အတူတကွ ရပ်တည်နေပါတယ်လို့လည်း ဒေါက်တာ ဆာယက် ဟာမစ် အယ်လ်ဘာက ကြေညာချက်တစ်စောင် ထုတ်ပြန်ရာမှာ ထည့်သွင်းဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။