ရွှေထွက်တယ်လို့ ယူဆရတဲ့နေရာကို ဝင်ခွင့်ပိတ်


2019.02.11
sagaing-gold-mountain-622.jpg စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နဲ့ အင်းတော်မြို့အကြားက ရွှေထွက်တယ်လို့ ယူဆရတဲ့ ကျောက်သားတွေကို တွေ့ရစဉ်
ဓါတ်ပုံ - မိုးတိမ်လေး

စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နဲ့ အင်းတော်မြို့အကြားမှာ လမ်းဖောက်ရင်း ရွှေထွက်တယ်လို့ ယူဆရတဲ့ ကျောက်သားတွေကို ဒေသခံတွေက ဝင်ရောက်တူးဖော်နေတာကြောင့် အဲဒီနေရာကို ရဲတပ်ဖွဲ့က လုံခြုံရေးယူပြီး ဝင်ရောက်ခွင့် တားမြစ်လိုက်တယ်လို့ သိရပါတယ်။

အဲဒီနေရာဟာ မမုံကြိုးဝိုင်းထဲမှာဖြစ်ပြီး ကျွန်းသစ်တွေ ထိန်းသိမ်းထားတာ ရှိသလို ဝင်ရောက်တူးဖော်ရင်း ရုန်းရင်းဆန်ခတ်ဖြစ်ပွားလာမှာကို စိုးရိမ်တာကြောင့် တူးခွင့်ပိတ်လိုက်တာလို့ အင်းတော်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသန်းဝင်း က ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံကတော့ အဲဒီနေရာမှာ အမှန်တကယ် ရွှေထွက်တာဆိုရင် ဒေသခံတွေ တစ်ပိုင်တစ်နိုင် တူးဖော်ခွင့်ရရှိအောင် ဆောင်ရွက်ပေးမယ်လို့ RFA ကို ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။