သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-07-15
ထိုင်းနိုင်ငံ အတွင်းမှာ ရှိတဲ့ တရားမဝင် ရွှေ့ပြောင်း အလုပ်သမားတွေကို ဇွန်လ ၁၅ ရက်က စတင်ပြီး ဇူလိုင် ၁၄ ရက်နေ့ အထိ မှတ်ပုံတင်ခွင့် ပြုခဲ့ရာမှာ မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၅-သိန်းခွဲကျော် ပါဝင် မှတ်ပုံတင်ခဲ့ပါတယ်။
2011-07-14
မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အတွက် ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရေးကို ဝိုင်းဝန်း ထောက်ခံ ပါဝင်ကြဖို့ မြန်မာ့အရေး ပူးပေါင်းလှုပ်ရှားသူများ အဖွဲ့ Burma Partnership က အာဆီယံ နိုင်ငံ အစိုးရတွေကို တိုက်တွန်း တောင်းဆိုလိုက် ပါတယ်။
2011-07-14
နိုင်ငံရေး အကျဉ်းသားတွေကို ဝေးလံတဲ့ထောင်တွေကို ပို့ထားတဲ့ အတွက် မိသားစု လာရောက် တွေ့ဆုံဖို့ ခက်ခဲတဲ့ အပြင် လာရောက်ချိန်မှာလည်း မိနစ် အနည်းငယ်သာ တွေ့ဆုံခွင့် ရတဲ့ အကြောင်း သိရပါတယ်။
2011-07-14
ဧရာဝတီမြစ်ဆုံ ရေကာတာ စီမံကိန်းကို အကောင်အထည် မဖော်ဖို့ ပညာရှင်တွေ တားမြစ်တဲ့ကြားက တရုတ် အစိုးရပိုင် ကုမ္ပဏီနဲ့ မြန်မာ အစိုးရနဲ့ နီးစပ်တဲ့ အေရှားဝေါလ် ကုမ္ပဏီတို့က ရှေ့ဆက် ဆောင်ရွက်နေတယ်လို့ Burma Rivers Network မြန်မာမြစ်များ ကွန်ယက် အဖွဲ့က ဒီနေ့ ပြောကြားလိုက် ပါတယ်။
2011-07-14
လက်ရှိ ဦးသိန်းစိန်အစိုးရ အနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ နိုင်ငံ့တာဝန်တွေကို အမြန် ဆောင်ရွက်ဖို့ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ တိုက်တွန်းလိုက် ပါတယ်။
2011-07-14
မကွေးတိုင်း နတ်မောက် မြိ့နယ်ထဲမှာ ဒေသခံ အာဏာပိုင်တွေနဲ့ မြေစာရင်း ဦးစီးဌာန ဝန်ထမ်းတွေ မမှန်မကန် ဆောင်ရွက်နေတာကို လယ်သမားတွေက ILO အရာရှိကို ဒီနေ့ တင်ပြလိုက်ကြတယ်လို့သတင်းရရှိ ပါတယ်။
2011-07-14
အန်အယ်လ်ဒီပါတီ ရပ်တည်ရေး ကိစ္စကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ လာမည့် သြဂုတ်လ ပထမပတ် အတွင်း တိုင်တန်း တင်ပြသွားမယ်လို့ ပါတီရဲ့ ရှေ့နေ ဦးဉာဏ်ဝင်းက RFA ကို ဒီကနေ့ ပြောပါတယ်။
2011-07-14
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့မှာရှိတဲ့ မြန်မာသံရုံး ပထမအတွင်းဝန် ဦးစိုးအောင်ဟာ သူရဲ့ နိုင်ငံရေး ခိုလှုံခွင့် တောင်းခံစာကို မနေ့က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဌာနကို ပေးပို့လိုက်တယ်လို့ သိရပါတယ်။
2011-07-13
ဧရာဝတီတိုင်း ဟင်္သာတမြို့က ကလေး အလုပ်သမား မောင်စိုးထက်အောင် ခေါ် ထိပ်ကွက်ကို အကြမ်းဖက် နှိပ်စက်တဲ့ အလုပ်ရှင် ဦးဆက်မူးဌေးဝင်းကို တရားရုံးက ဒီကနေ့ ထောင်ဒဏ် (၇) နှစ် ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။
2011-07-13
ဇူလိုင် (၁၁) ရက် တနင်္လာနေ့ နေ့လယ်ပိုင်းက ဧရာဝတီတိုင်း ဘိုကလေး မြို့နယ် ကြာအင်း ကျေးရွာ မူလတန်း လွန်ကျောင်းကနေ ရွာအပြန် လမ်းမှာ စက်လှေ နစ်မြုပ်ခဲ့တာပါ။
2011-07-13
မြန်မာနိုင်ငံမှာ အစိုးရ ပြောင်းသွားတယ် ဆိုပေမဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက ရှိနေဆဲပဲလို့ လူ့အခွင့်အရေး အဖွဲ့တွေက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2011-07-13
ရှမ်းပြည် မြောက်ပိုင်း တပ်မတော် တပ်ဖွဲ့တွေကို အစိုးရ တပ်ဖွဲ့တွေက ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
2011-07-13
မကွေးတိုင်းတွင်းက တံတား ဖြတ်သန်းခတွေ အဆမတန် များနေတဲ့ အတွက် ကုန်သည်တွေနဲ့ မော်တော်ယာဉ် ပိုင်ရှင်တွေက နေပြည်တော်ကို ထပ်မံ တိုင်ကြားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
2011-07-13
မြန်မာနိုင်ငံအပါအဝင် ကလေးစစ်သား စုဆောင်း နေဆဲ နိုင်ငံတွေ အနေနဲ့ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက်ကို လိုက်နာဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက သတိပေးလိုက် ပါတယ်။
2011-07-12
ဦးသိန်းစိန်အစိုးရက မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား မရှိဘူးလို့ ပြောဆိုတာကို မုံရွာထောင်ကနေ စာရေးသား ကန့်ကွက်လိုက်တဲ့ နိုင်ငံရေး အကျဉ်းသူ မနှင်းမေအောင် (ခေါ်) မနိုဘယ်လ်အေး ကို ထောင်ဝင်စာ ပိတ်လိုက်ပြီး၊ ထောင်တွင်း တိုက်ပိတ်ပြစ်ဒဏ် ချထားတယ်လို့ သတင်းရရှိပါတယ်။