သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-05-02
ကရင်အမျိုးသားအစည်းအရုံး KNU က လုပ်ကိုင်နေတဲ့ မွန်ပြည်နယ်၊ သထုံမြို့နယ်က ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး ကျန်းမာရေးစစ်ဆေးရေးဂိတ် တစ်ခုကို တပ်မတော်က ဖိအားပေးတာကြောင့် ဖျက်သိမ်းလိုက်ရတယ်လို့ သထုံခရိုင် KNU တာဝန်ရှိသူတွေက ပြောပါတယ်။
2020-05-01
အခုနောက်ဆုံး ထုတ်ပြန်လိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်းဟီလီရဲ့ အစီရင်ခံစာဟာ၊ အေအေ-ရက္ခိုင့်တပ်တော်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ဖော့ထားပြီး၊ တပ်မတော်ကိုသာ ပြစ်တင်စွပ်စွဲထားတယ်လို့ သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက တုံ့ပြန် ပြောကြားလိုက်ပါတယ်။
2020-05-01
ရှမ်းပြည်နယ်က ကောင်းခါးပြည်သူ့စစ်အဖွဲ့ တည်ရှိတဲ့နေရာမှာ ကျပ်ဘီလီယံချီတန်ကြေးရှိတဲ့ မူးယစ်ဆေးဝါးတွေ သိမ်းဆည်းရမိတဲ့ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ကောင်းခါးအဖွဲ့ ခေါင်းဆောင်တချို့ ဆက်လက်ထိန်းသိမ်းစစ်ဆေးခံနေရပြီး တချို့ပြန်လည်လွတ်မြောက်လာတယ်လို့ ကောင်းခါးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
2020-05-01
ထိုင်းနိုင်ငံကနေ မြန်မာပြည်ပြန်လာဖို့ စာရင်းပေးထားတဲ့ မြန်မာရွှေ့ပြောင်း လုပ်သား နှစ်သောင်း ကျော်ကို မြဝတီအမှတ်၂ တံတားကနေ ဒီနေ့ မေ ၁ ရက်နေ့မှာ စတင်လက်ခံနေပါပြီ။
2020-05-01
ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ပျံ့နှံ့မှုကြောင့် အလုပ်အကိုင် အခြေအနေ ပြောင်းလဲ သွားချိန်မှာ အလုပ်လက်မဲ့ဖြစ်သွားသူတွေ ထောက်ပံ့ကြေးရရှိနိုင်ဖို့ စီစဉ်ထားတယ်လို့ ဒီကနေ့ မေ ၁ ရက်နေ့မှာ ကျရောက်တဲ့ အလုပ်သမားနေ့အတွက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ပေးပို့တဲ့ သဝဏ်လွှာမှာ ရေးသားဖော်ပြထားပါတယ်။