သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-06-17
မြန်မာနိုင်ငံမှာ ဖယ်ဒရယ်ပြည်ထောင်စု စနစ်ကို တည်ဆောက်ရမယ်လို့ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက ပြောလိုက်ပါတယ်။
2013-06-16
မြန်မာနိုင်ငံက ကလေးသူငယ်တွေမှာ အာဟာရ ဓာတ်ချို့တဲ့နေတာတွေ့နေရတယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။
2013-06-16
၂ဝ၁၅ မတိုင်ခင် ငြိမ်းချမ်းရေးရရှိအောင် အချိန်တစ်ခုသတ်မှတ်ဖို့လိုကြောင်း DKBA ကလိုထူးဘောတပ်ဖွဲ့က ဦးဆောင်ကျင်း ပနေတဲ့ ပြည်ထောင်စု တိုင်းရင်းသားပေါင်းစုံ သဘောထား အမြင် နှီးနှောဖလှယ်ပွဲမှာ ဒီကနေ့ဆွေးနွေးခဲ့ကြပါတယ်။
2013-06-16
မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီး က နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် လက်ကျန် နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီက ရန်ကုန်မြို့ က မြန်မာငြိမ်းချမ်းရေးစင်တာမှာ စတုတ္ထအကြိမ်မြောက် အစည်းအဝေးတစ်ရပ်ကို ဒီကနေ့ကျင်းပခဲ့ပါတယ်။
2013-06-16
"လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာ" Human Rights and Dignity လို့ အမည်ပေးထား တဲ့ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို ရန်ကုန်မြို့ ဂျန်းရှင်းစကွဲယား (Junction Square) က ရုပ်ရှင်ရုံမှာ တနင်္ဂနွေနေ့ကစပြီး အခမဲ့ စတင်ပြသနေပါတယ်။
2013-06-16
၁၉၈၈ ခုနှစ် ဇွန်လ ကျောင်းသားလှုပ်ရှားမှု ၂၅ နှစ်ပြည့်အခမ်းအနားကို အဲဒီအချိန်က ပါဝင်လှုပ်ရှားခဲ့သူတွေက ရန်ကုန်မြို့ ၊ တော်ဝင်နှင်းဆီခန်းမမှာ ဒီနေ့ကျင်းပဖို့ စီစဉ်ထားပါတယ်။
2013-06-15
မလေးရှားနိုင်ငံမှာ အလုပ်လုပ်နေကြ တဲ့ မြန်မာနိုင်ငံသား ၁၈ဝ နီးပါးဟာ MAI မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းနဲ့ ဒီကနေ့ ပြန်လည်ရောက်ရှိလာကြပါတယ်။
2013-06-15
ပြည်ထောင်စု တိုင်းရင်းသားပေါင်းစုံ သဘောထားအမြင် နှီးနှောဖလှယ်ပွဲကို ဒီကေဘီအေရဲ့ ဗဟိုဌာနချုပ်ရှိရာ ကရင်ပြည်နယ် မြဝတီ မြို့နယ် ဆုံဆည်းမြိုင်ကျေးရွာမှာ ဒီကနေ့ ဇွန်လ ၁၅ ရက်နေ့ က စတင်ကျင်းပရာမှာ ပြည်တွင်းပြည်ပ တိုင်းရင်းသား အဖွဲ့အစည်းတွေ အပါအဝင် ၈၈မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း၊ လူထုအခြေပြု ပညာရေး၊ ကျန်းမာရေး အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။
2013-06-15
၈ လေးလုံး ဒီမိုကရေစီအရေးတော်ပုံ လှုပ်ရှားမှု ငွေရတုအထိမ်းအမှတ် အခမ်းအနားကို ညီလာခံတစ်ရပ်အနေ နဲ့ မြန်မာနိုင်ငံထဲမှာ ပထမဆုံးကျင်းပမယ်လို့ သိရပါတယ်။
2013-06-15
မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ် မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာ နဲ့ နိုင်ငံရေးပါတီတွေအားလုံး ပါဝင်လာတာ ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။
2013-06-14
ရန်ကုန်တိုင်း၊ သင်္ကန်းကျွန်းမြို့နယ် မိကျောင်းကန် ၁ နဲ့ ၂ ရပ်ကွက်မှာ တပ်မတော်ကို မြေငှားရမ်းခပေးပြီး မိသားစုလိုက် စိုက်ပျိုး မွေးမြူရေး လုပ်ကိုင်နေကြတဲ့ အိမ်ခြေ ၂ဝဝ ကျော်ကို အာဏာပိုင်တွေက ဒီကနေ့ ညနေပိုင်းမှာ အင်အားသုံးပြီး အပြီး ဖယ်ရှားလိုက်တယ်လို့ သိရပါတယ်။
2013-06-14
ကေအိုင်အို ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ ထိန်းချုပ်ရာဒေသက စစ်ပြေးဒုက္ခသည်တွေ အတွက် ကုလသမဂ္ဂ လူသားချင်းဆိုင်ရာ ထောက်ပံ့ ကူညီပေးရေးကို မြန်မာအစိုးရက ဒီကနေ့ ခွင့်ပြုလိုက် ပြီဖြစ်ကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ပါတယ်။
2013-06-14
မြန်မာသမ္မတ ဦးသိန်းစိန်ဟာ လာမယ့်လ အတွင်း ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတွေကို သွားရောက်မယ်လို့ အစိုးရအရာရှိတစ်ဦးကို ကိုးကားပြီး AFP သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။
2013-06-14
“ ၉၆၉ “ ဆိုတဲ့ အက္ခရာအမှတ်အသားဟာ ရတနာ ၃ ပါးကို အထူးပြုထားတဲ့ ငြိမ်းချမ်းရေး သင်္ကေတ ဖြစ်တဲ့အတွက်ကြောင့် ဗုဒ္ဓသာသနာကို ညှိးနွမ်းစေနိုင်တဲ့ကိစ္စတွေလုပ်ရပ်တွေမှာ အသုံးမပြုကြဖို့ ဗုဒ္ဓသာသနာတော်ဆိုင်ရာ သြဝါဒခံယူပွဲနဲ့ အကြိုညှိနှိုင်းဆွေးနွေးပွဲအပြီးမှာ သဘောတူထုတ်ပြန်ခဲ့ကြ ပါတယ်။
2013-06-14
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့၊ ဖယ်ဒရယ်ပြည်ထောင်စု ထူထောင်နိုင်ဖို့၊ မတရားအသင်း ဥပဒေတွေ ဖျက်သိမ်းဖို့ ဆိုတဲ့အချက်တွေကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်နဲ့ တိုင်းရင်းသားနိုင်ငံရေး ပါတီတွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေဟာ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ဒီနေ့မနက်ပိုင်း က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။