သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-09-04
ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးအဖဲ့ွ TNLA ပူးပေါင်းအဖွဲ့ဟာ စစ်ကြောင်းလေးကြောင်းခွဲပြီး နမ္မတူမြို့နယ်ထဲမှာ ရှိတဲ့ RCSS/SSA တပ်စွဲထားတဲ့ ကျေးရွာတဝိုက်ကို ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။
2018-09-04
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာမှာ အစ္စလာမ်ဘာသာဝင်တွေကို ကမန်တိုင်းရင်းသားတွေဆိုပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားတွေ ထုတ်ပေးနေတာကို ပြန်လည် စိစစ်ပေးဖို့ ကမန်အမျိုးသား တိုးတက်ရေးပါတီက နိုင်ငံတော်သမ္မတဆီ ဒီကနေ့ စာပေးပို့ လိုက်ပါတယ်။
2018-09-04
ဂျပန်သတင်းဌာန NHK နဲ့ တေ့ွဆုံမေးမြန်းခန်းမှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကိုဝလုံးနဲ့ ကိုကျော်စိုးဦးဟာ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေကို ကျူးလွန်တယ်ဆိုပြီး ပြောခဲ့တဲ့အပေါ် ဝမ်းနည်းမိတယ်လို့ ကိုဝလုံး ရဲ့ ဇနီး မပန်းအိမွန် က ပြောပါတယ်။
2018-09-04
တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA က ဖမ်းဆီးထားတဲ့ နန်းမိုဟွမ်ဆိုတဲ့ အမျိုးသမီးကို TNLA ဥပဒေနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။
2018-09-04
ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ကို ထောင်ဒဏ်နှစ်ရှည် ချမှတ်လိုက်တာဟာ တရားရုံး အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ၂၀၁၄ ခုနှစ်က ပြဋ္ဌာန်းလိုက်တဲ့ သတင်းမီဒီယာ ဥပဒေကို မျက်ကွယ်ပြုရာရောက်ကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ထုတ်ပြန်ကြေညာ လိုက်ပါတယ်။
2018-09-04
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေမှာ နောက် ၃ ရက်လောက်ထိ မိုးကြီးနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူက ဒီနေ့ ပြောပါတယ်။
2018-09-04
တိုင်းနဲ့ ပြည်နယ်အနှံ့မှာရှိတဲ့ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး(မဘသ)နဲ့ ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်းအဖွဲ့ ဆိုင်းဘုတ်တွေကို ဖြုတ်မချဘဲ အဖွဲ့လုပ်ငန်းတွေကို ဆက်လက် လုပ်ကိုင်သွားဖို့ မဘသ ဗဟိုက လမ်းညွှန်ချက် ထုတ်ပြန်ကြေညာတာနဲ့ ပတ်သက်လို့ သံဃာအဖွဲ့အစည်းဆိုင်ရာ ဥပဒေအတိုင်း အရေးယူသွားမယ်လို့ သာသနာရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။
2018-09-03
ရိုက်တာ သတင်းထောက် နှစ်ဦးကို ထောင်ဒဏ် ၇ နှစ်စီ ချမှတ်လိုက်တာဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့သူ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ ငြိမ်းချမ်းရေး နိုဘယ်လ် ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်သိက္ခာ ထိခိုက်သွားစေတယ်လို့ AFP သတင်း က ဖေါ်ပြပါတယ်။
2018-09-03
ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ဒီနေ့ကစပြီး တရားဝင် မဲဆွယ်စည်းရုံးနိုင်ပြီဖြစ်ပါတယ်။
2018-09-03
စစ်ဘေးဒုက္ခသည်တွေကို ကယ်ဆယ်နိုင်ရေး မြစ်ကြီးနားမှာ ဦးဆောင်ဆန္ဒပြခဲ့သူ ၃ ဦးကို အသရေဖျက်မှု ပုဒ်မ ၅၀၀ နဲ့ တပ်မတော်က စွဲချက်တင်တာကို မြစ်ကြီးနားမြို့နယ် တရားရုံးက ဒီနေ့ လက်ခံလိုက်ပါတယ်။
2018-09-03
ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ရဲ့ ဖုန်းထဲမှာ ရှိတဲ့ စာရွက်စာတမ်းတွေဟာ နိုင်ငံတော် လျှို့ဝှက်ချက်နဲ့ ငြိစွန်းတယ်ဆိုပြီး မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃(၁)(ဂ)နဲ့ ထောင်ဒဏ် ၇ နှစ်စီ ချမှတ်လိုက်ပါတယ်။
2018-09-03
ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ပန်လုံရွာထဲမှာ မနေ့ညကစပြီး ဒီကနေ့ မနက်အထိ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့ ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေဆဲဖြစ်တဲ့အတွက် သီပေါမြို့ပေါ်ကို ဒုက္ခသည်တွေ ထပ်တိုးရောက်လာတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။
2018-09-03
မြန်မာ့တပ်မတော်က ထုတ်ဝေခဲ့တဲ့ “မြန်မာ့နိုင်ငံရေးနှင့် တပ်မတော် အပိုင်း-၁” စာအုပ်မှာ ဓာတ်ပုံ ၂ ပုံကို မှားယွင်းဖော်ပြမိခဲ့တဲ့အတွက် မြဝတီစာပေတိုက်က ဒီနေ့ ကြေညာချက်ထုတ်ပြန် တောင်းပန် လိုက်ပါတယ်။
2018-09-03
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်မှာရှိတဲ့ တအာင်းလူမျိုးတွေကို လူသားစားမျိုးနွယ်တွေ လို့ ပြောဆိုပြီး ဖေ့စ်ဘွတ်စာမျက်နှာမှာ ဗီဒီယိုတင်ခဲ့သူကို အရေးယူဖို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက သက်ဆိုင်ရာဌာနတွေကို ညွှန်ကြားလိုက်ပါတယ်။
2018-09-03
မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေနဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ကို ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးက ထောင်ဒဏ် ၇နှစ် အမိန့်ချလိုက် ပါတယ်။