သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-09-24
ချင်းပြည်နယ်က ပလက်ဝ၊ မင်းတပ်၊ မတူပီ၊ ထန်တလန်၊ တီးတိန်၊ တွန်းဇံ၊ ကန်ပက်လက်၊ ဖလမ်း စတဲ့မြို့နယ် ရှစ်ခုနဲ့ မကွေးတိုင်းက မြိုင်၊ ဂန့်ဂေါ၊ ထီးလင်း စတဲ့မြို့နယ် သုံးခု၊ စုစုပေါင်း မြို့နယ် ၁၁ ခုကို စစ်တပ်က စက်တင်ဘာ ၂၃ ရက် မနေ့ညနေ ၆ နာရီဝန်းကျင်ကစလို့ အင်တာနက် ဖြတ်တောက်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-09-24
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ကျီကုန်း (တောင်) ရွာက နေအိမ်တွေကို စက်တင်ဘာ ၂၄ ရက် ဒီနေ့မနက် ၈ နာရီ ဝန်းကျင်ခန့်မှာ စစ်ကောင်စီက ဒုတိယအကြိမ် ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ်လေးလုံး မီးလောင်ကျွမ်းသွားပြီး ကျွဲနွားတိရစ္ဆာန်တွေပါ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-09-24
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၁၁၇ လမ်း၊ ၄၅ လမ်းနဲ့ ၄၆ ကြားမှာရှိတဲ့ မြရည်နန္ဒာအိမ်ရာဝန်းထဲက ဆက်သွယ်ရေးတာဝါတိုင်တစ်ခု စက်တင်ဘာလ ၂၄ ရက် ဒီနေ့မနက်အစောပိုင်းမှာ ဖောက်ခွဲခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-09-24
စစ်တပ်က အာသိမ်းပြီးနောက်ပိုင်း မြန်မာကျပ်ငွေဈေး ဆက်တိုက်ကျဆင်းလာပြီး စက်တင်ဘာလ ၂၄ ရက် ဒီကနေ့မှာတော့ ပြင်ပပေါက်ဈေး တစ်ဒေါ်လာကို ၂၀၇၀ ကျပ်အထိ စံချိန်တင်မြင့်တက်နေပါတယ်။
2021-09-24
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မြဝတီရပ်ကွက်က စစ်ကောင်စီပိုင် Mytel ရုံးရှေ့မှာ စောင့်နေတဲ့ ရဲတပ်သားတစ်ဦး စက်တင်ဘာလ ၂၃ ရက် မနေ့ ညနေပိုင်းမှာ ပစ်သတ်ခံရပြီး အဲဒီရဲကိုင်ဆောင်ထားတဲ့ သေနတ်တစ်လက်ပါသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-09-23
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်အောင် လူမှုကွန်ရက်ကတဆင့် မီးထိုးလှုံ့ဆော်ခဲ့တဲ့ အထောက်အထား သက်သေခံမှတ်တမ်းတွေကို Facebook ကုမ္ပဏီက ဂမ်ဘီယာနိုင်ငံကို ထုတ်ပြန်ပေးဖို့ အမေရိကန်တရားရုံးက အမိန့်ချမှတ်လိုက်ပါတယ်။
2021-09-23
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဇီးတောကျေးရွာနားက စစ်ကောင်စီပိုင် Mytel တာဝါတိုင်ကို စက်တင်ဘာ ၂၃ ရက် မနေ့ညပိုင်းမှာ ရေစကြိုပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ YPDF က ဖောက်ခွဲဖျက်ဆီးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-09-23
မကွေးတိုင်းနဲ့ ချင်းပြည်နယ်ထဲက မြို့နယ် ၁၁ မြို့နယ်ကို စက်တင်ဘာလ ၂၃ ရက်နေ့ ညနေ ၆ နာရီကစပြီး စစ်ကောင်စီက အင်တာနက်လိုင်းတွေ ဖြတ် တောက်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-09-23
စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်ရဖို့နဲ့ ကျယ်ပြန့်တဲ့ ပဋိပက္ခတွေ မဖြစ်အောင် တားဆီးနိုင်ဖို့ နိုင်ငံတကာက ကြိုးပမ်းမှုတွေကို နှစ်ဆတိုး လုပ်ဆောင်ကြဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မီရှဲလ် ဘက်ချလက်က မနေ့က ပြောလိုက် ပါတယ်။
2021-09-23
မြန်မာ့အရေးနဲ့ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ စက်တင်ဘာလ ၂၃ ရက် ဒီနေ့ ဆွေးနွေးခဲ့ကြပါတယ်။
2021-09-23
မြန်မာနိုင်ငံတွင်းက အခြေအနေဆိုးရွားမှုတွေကို အဆိုးဆုံးအခြေအနေတွေ မရောက်လာခင်မှာ ကြိုတင်တားဆီးဖို့ အရေးပေါ်ဆောင်ရွက်မှုတွေ လိုအပ်နေပြီလို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင် မင်းကြီး Michelle Bachelet က ဒီကနေ့ ပြောလိုက်တဲ့အကြောင်း ကုလသမဂ္ဂ ဂျီနီဗာရုံးကနေ သတင်းထုတ်ပြန်ပါတယ်။
2021-09-23
စစ်ကိုင်းတိုင်း၊ ကလေးမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရဲ့ အမျိုး သမီးလူငယ်အဖွဲ့ဝင် အသက် ၃၄ နှစ်အရွယ် မအိဖြူဝင်းကို စက်တင်ဘာလ ၂၃ ရက် ဒီနေ့မနက်ပိုင်း စစ်ကောင်စီတပ်သားတွေ လာဖမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-09-23
စစ်ကိုင်းတိုင်း၊ ကလေးမြို့ မြို့ကြီးကုန်းရွာသား ကိုဘထော်ကို စက်တင်ဘာလ ၂၁ ရက်နေ့က စစ်ကောင်စီ တပ်သားတွေ ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားခဲ့တယ်လို့ ကလေးမြို့ ဒေသခံတွေက ပြောပါတယ်။
2021-09-23
ချင်းပြည်နယ် ထန်တလန်မြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၈ ရက်နေ့ ညနေ ၄ နာရီလောက်က စစ်ကောင်စီတပ်နဲ့ ချင်းဒေသခုခံကာကွယ်ရေးအဖွဲ့ CDF၊ ချင်း အမျိုးသားတပ်ဦး CNF/CNA ပူးပေါင်းတပ်ဖွဲ့တို့အကြား မြို့တွင်းတိုက်ပွဲ ဖြစ်ခဲ့ပြီးတဲ့နောက် လူဦးရေ တစ်သောင်း နီးပါးရှိတဲ့ ထန်တလန်မြို့သူမြို့သားတွေအားလုံးဟာ ဒီနေ့အထိ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေရဆဲဖြစ်ပါတယ်။
2021-09-23
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် ကြာပင်လှရွာနဲ့ မကျည်းကန်ရွာမှာ စက်တင် ဘာလ ၂၂ ရက် မနေ့ မနက်ပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ဆိုတဲ့ စွပ်စွဲ ချက်နဲ့ ရွာသား ၂၀ ဦးထက်မနည်းကို စစ်ကောင်စီက ဖမ်းသွားတယ်လို့ ဒေသခံ တွေက ပြောပါတယ်။