သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-08-02
မြန်မာနိုင်ငံ နေရာအနှံ့အပြားမှာ Ooredoo လက်ကိုင်ဖုန်း ဆင်းကတ်ပေါင်း ၂၃ သန်းကျော် ဒီနှစ် ၂၀၁၄ ခုနှစ်အတွင်း ရောင်းချဖို့စီစဉ် ထားတယ်လို့ Ooredoo မြန်မာကုမ္ပဏီက ဒီကနေ့ ပြောလိုက် ပါတယ်။
2014-08-02
လာမယ့် သြဂုတ်လ ၃ ရက် မနက်ဖြန် ကစပြီး နိုင်ငံပိုင်သတင်းစာဖြစ်တဲ့ မြန်မာ့အလင်းမှာ မွန်၊ စကောကရင်၊ ပိုးကရင်နဲ့ ပအိုဝ်း တိုင်းရင်းသား ဘာသာ စကားလေးမျိုးနဲ့ အချပ်ပို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ထုတ်ဝေသွားမယ်လို့ သိရပါတယ်။
2014-08-02
မြန်မာနိုင်ငံမှာဆိုးဝါးတဲ့အခြေအနေကို ဦးတည်နေတဲ့အတွက် ဒီဆောင်ရွက် ချက်တွေဟာ အမေရိကန် - မြန်မာနှစ်နိုင်ငံ ဆက်ဆံရေး ထိခိုက်စေနိုင်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီအနေနဲ့ မြန်မာအစိုးရကို သတိပေးပြော ဆိုဖို့ အမေရိကန် လွှတ်တော်အမတ် အယောက် ၇၀ ကျော် က စာရေးသားတိုက်တွန်းလိုက်ပါတယ်။
2014-08-02
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယကောင်စစ်ဝန်ရုံးကို အခုလ ၁၅ ရက်နေ့မှာ ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ RFA က စုံစမ်း သိရှိရပါတယ်။
2014-08-01
ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP ရဲ့ အာရှ-ပစိဖိတ် ဒေသဆိုင်ရာဌာနက ချီးမြှင့်တဲ့ N-Peace Awards ဆိုတဲ့ ငြိမ်းချမ်းရေးဆုကို ၂၀၁၄ ခုနှစ်အတွက် မြန်မာနိုင်ငံက နော်အုန်းလှနဲ့မသန္တာတို့ ဦးဆောင်ပါဝင်တဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး အမျိုးသမီး ကွန်ရက်အဖွဲ့နဲ့ တစ်ဦးချင်းအဖြစ် နိုင်ငံရေးအကျဉ်း သူဟောင်း မဝေဝေနုနဲ့ တိုင်းရင်းသားအရေးလှုပ်ရှားသူ မိခင်ခင်ကြူတို့ရရှိပါတယ်။
2014-08-01
ရန်ကုန်တိုင်းအတွင်း တရားရုံး ၁၂ ရုံးမှာ အမှုရင်ဆိုင်နေရတဲ့ ဒီမိုကရေစီစဉ်ဆက် မပြတ် လှုပ်ရှားသူများ အင်အားစု MDCF အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်ကို တောင်ဒဂုံမြို့နယ် တရားရုံးက ဒီနေ့ ထောင်ဒဏ် ၁ နှစ် ထပ်မံချမှတ်လိုက်တဲ့ အတွက် စုစုပေါင်း ထောင်ဒဏ် ၄ နှစ်ရှိသွားပြီလို့သတင်း ရရှိပါတယ်။
2014-08-01
လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင် နိုင်မယ်လို့ ယူဆကြောင်းနဲ့ ပြည်ထောင်စု လွှတ်တော်ထံ တင်ပြဖို့ ဖွဲ့စည်းပုံပြင်ဆင်ရေး ကော်မတီက ပြင်ဆင်နေတာ အခုဆိုရင် ၈၀ ရာခိုင်နှုန်းလောက်ပြီးစီးနေ ပြီဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောပါတယ်။
2014-08-01
ဖမ်းဆီးခံထားရတဲ့ သတင်းမီဒီယာ သမားတွေနဲ့ စစ်ဆေးမေးမြန်းခံရတဲ့ သတင်းမီဒီယာသမားတွေ နစ်နာမှုမရှိအောင် အစိုးရက ကြိုးပမ်းဆောင်ရွက်ပေးသွားဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နဲ့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) နဲ့ ဒီနေ့ တွေ့ဆုံ စဉ် သဘောတူခဲ့ကြောင်း သိရပါတယ်။
2014-08-01
အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး အတွက် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးဟာ အဓိက ကျကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည်က ဒီနေ့ သတင်းထောက်တွေကို ပြောကြား ခဲ့ပါတယ်။
2014-08-01
ကေအိုင်အိုဌာနချုပ် လိုင်ဇာမြို့မှာ ကျင်းပခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ခေါင်းဆောင်တွေရဲ့ ဆွေးနွေးပွဲကနေ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ဖို့ ရလာဒ်ကောင်းတွေ ချမှတ်နိုင်လိမ့်မယ် လို့ မျှော်လင့်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီနေ့ တိုင်းပြည်ကို ပြောကြားတဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြား ခဲ့ပါတယ်။
2014-08-01
လစ်လပ်နေတဲ့ ပြန်ကြားရေးဝန်ကြီးဌာန အတွက် ဒုတိယဝန်ကြီး ဦးရဲထွဋ်နဲ့ ကျန်းမာရေးဝန်ကြီးဌာနအတွက် ဒုတိယ ဝန်ကြီး ဒေါက်တာသန်းအောင်တို့ကို ပြည်ထောင်စုဝန်ကြီးတွေအဖြစ် ပြည်ထောင်စုလွှတ်တော်က ဒီနေ့ အတည်ပြုလိုက် ပါတယ်။
2014-08-01
အသက်မပြည့်ဘဲ တပ်မတော်မှာ စစ်မှုထမ်းခဲ့ကြတဲ့ ကလေးစစ်သား ၉၁ ယောက်ကို မိဘတွေထံ ပြန်လည် အပ်နှံတဲ့ အခမ်းအနားကို ရန်ကုန်မြို့ အမှတ်(၁) စစ်ကြောရေးနှင့် တည်းခိုရေးစခန်းမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
2014-07-31
မြန်မာနိုင်ငံနဲ့ လိုက်လျောညီထွေမှုရှိမယ့် ရွေးကောက် ပွဲ စနစ်ကို ဖော်ဆောင်ပေးနိုင်ဖို့အတွက် လေ့လာ သုံးသပ်ရေး ကော်မရှင်ကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၉ ဦး၊ ဥပဒေပညာရှင် ၅ ဦးနဲ့ ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ဖဲ့ွစည်းလိုက်ပါတယ်။
2014-07-31
အချိုးကျ ကိုယ်စားပြုစနစ် ခေါ် PR ကို ကျင့်သုံးဖို့ ပြည်သူ့လွှတ်တော်မှာ ဆွေးနွေး ခဲ့တာကို ကန့်ကွက်တဲ့အနေနဲ့ လာမယ့် သြဂုတ်လ ၅ ရက်နေ့ မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြသွားမယ် လို့ ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေးကွန်ရက်က ဒီနေ့ ပြော ပါတယ်။
2014-07-31
PR ခေါ် အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံး မှာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က ထောက်ခံတယ်ဆိုပြီး ပြည်သူတွေအကြား ထင်ယောင် ထင်မှား ဖြစ်လာတဲ့အတွက် PR စနစ်ကို မထောက်ခံကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။