သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-07-29
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီဟာ တိုင်းပြည်ကို ဦးဆောင်နိုင်တဲ့ ပါတီအဖြစ် ထိပ်ဆုံးမှာ ရပ်တည်နေတုန်းပဲ လို့ ကချင်ပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးလဂျွန်ငန်ဆိုင်း က ပြောလိုက်ပါတယ်။
2016-07-29
၂၁ ရာစု ပင်လုံညီလာခံကို ဝ နဲ့ မိုင်းလား အဖွဲ့တွေ နှစ်ဖွဲ့စလုံး တက်ရောက်ကြဖို့ နိုင် ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ဒီကနေ့ တိုက်တွန်းပြောလိုက်ပါတယ်။
2016-07-29
မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်မှာ သစ်ခိုးထုတ်သူတွေကို ဖမ်းတဲ့ ရယက နဲ့ ရဲဝန်ထမ်းတွေက အရေးယူခံရသူတွေ နဲ့ ထောင်ကျသူတွေရှိနေကြောင်း လွှတ်တော်ကိုယ်စားလှယ် က ဒီကနေ့ တင်ပြဆွေးနွေး ပါတယ်။
2016-07-29
မြန်မာနိုင်ငံမှာ ကျောက်စိမ်းနဲ့ ကျောက်မျက် တူးဖေါ်ရေး လုပ်ကိုင်ခွင့်လိုင်စင်တွေ ကို လောလောဆယ် သက်တမ်းတိုးမပေးတော့ဘူးလို့ သယံ ဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန က ကြေညာခဲ့တဲ့အပေါ် သဘာဝပတ်ဝန်းကျင်ရေးရာ အဖွဲ့တွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ကြိုဆိုလိုက်ကြပြီး၊ လိုအပ်တာတွေ ထပ်မံဆောင်ရွက်ဖို့လည်း တိုက်တွန်းကြ ပါတယ်။
2016-07-28
အစိုးရက ဖမ်းဆီးတရားစွဲဆိုထားတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ရဲ့ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ ခိုင်မျိုးထွန်း ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ALP ပါတီက မနေ့က ရက်စွဲ နဲ့ ကြေညာချက်ထုတ်ပြန်ပြီး တောင်းဆိုလိုက်ပါတယ်။
2016-07-28
မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် အဖွဲ့ကို အသစ်ပြန်လည်ဖွဲ့စည်းဖို့ ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး မှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦး က တောင်းဆိုလိုက်ပါတယ်။
2016-07-28
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တို့ကို တွေ့ဆုံဆွေးနွေးဖို့အတွက် မိုင်းလား အထူးဒေသ(၄) ဥက္ကဋ္ဌ ဦးစိုင်းလင်း ဦးဆောင်တဲ့အဖွဲ့ နေပြည်တော်ကို ဒီကနေ့ ရောက်ရှိလာတယ်လို့ သိရပါတယ်။
2016-07-28
ကချင်ပြည်နယ်က မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို လမ်းကို ကျပ်သန်းပေါင်း နှစ်သောင်းဝန်းကျင် အကုန်ကျခံ သုံးစွဲပြီး ပြင်ဆင်ဖောက်လုပ်သွားမယ် လို့ ပြည်နယ် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွှန့် က ပြောလိုက်ပါတယ်။
2016-07-28
မနေ့က ရှမ်းပြည်နယ် ပင်လုံမြို့မှာ စတင်ကျင်းပတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသား လူငယ်များညီလာခံမှာ ပြင်ပ ပညာရှင် တစ်ဦး ဟောပြောရာမှာ "စစ်အာဏာရှင်များရဲ့ လုပ်ရပ်တွေကို ဗမာများက ပြုလုပ်တယ်" ဆိုတဲ့ ထည့်သွင်းပြောကြားချက်ကို ညီလာခံတက်ရောက်နေတဲ့ ဗမာတိုင်းရင်းသား ကိုယ်စားလှယ်တွေက မနေ့က ကန့်ကွက်လိုက်ပါတယ်။
2016-07-28
မန္တလေးတိုင်း မတ္တရာမြို့က ဈေးသူဈေး သား ၂ဝဝ လောက်ဟာ သူတို့စုဆောင်း ထားတဲ့ ငွေတွေကို ငွေစုအသင်းက အလွဲသုံးစားလုပ်လိုက်တဲ့အတွက် သက်ဆိုင်ရာကနေ အရေးယူဆောင်ရွက်ပေးဖို့ ဒီကနေ့ မြို့ပေါ်မှာ ဆန္ဒပြ တောင်းဆိုကြပါတယ်။
2016-07-28
မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ လူမှုရေးစတဲ့ ကဏ္ဍတွေ ဖွံ့ဖြိုးတိုးတိုးတက်ဖို့အတွက် အစိုးရအနေနဲ့ အခွန်ကောက်ခံမှု စနစ်ကို ပြောင်လဲကျင့်သုံးဖို့လိုအပ်ကြောင်း ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးကြပါတယ်။
2016-07-28
မိုင်ဂျာယန်မှာ ကျင်းပနေတဲ့ တိုင်းရင်းသားညီလာခံ ဟာ ပြည်ထောင်စုညီညွတ်ရေးနဲ့ အမျိုးသား ရင်ကြားစေ့ရေးအတွက် ဦးတည်တာဖြစ်ပါစေလို့ ဒေါ်အောင်ဆန်းစုကြည်က ဆုတောင်းပြောကြားလိုက် ပါတယ်။
2016-07-28
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ အလယ်တန်း အဆင့် ကျောင်းပြင်ပ ပညာရေးစနစ်ကို လာမယ့် သြဂုတ်လကနေ စတင်သင် ကြားနိုင်ဖို့ ပြင်ဆင်နေပါတယ်။
2016-07-28
မလေးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်း က မြန်မာနိုင်ငံသား ၇ဝဝ ကျော်ကို နေရပ် ကို ပြန်ဖို့ပေးဖို့အတွက် စီစဉ်ထားတဲ့ အလှူရှင်ဘက်က ရုပ်သိမ်းလိုက်ပေမယ့် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ မလေးရှားနိုင်ငံ မြန်မာသံရုံးရဲ့ တာဝန်ရှိသူတစ်ယောက် က ပြောပါတယ်။
2016-07-28
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပိန်းပြစ်ကျေးရွာအုပ်စုက ဒေသခံပလောင် တိုင်းရင်းသား ၃ဝ လောက်ကို တအာင်း လွတ်မြောက်ရေး တပ်မတော် PSLF/TNLA က တပ်သား သစ် စုဆောင်းတဲ့အနေနဲ့ အခုလ ၂၅ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြော ပါတယ်။