သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-07-23
မြန်မာနိုင်ငံမှာ သတင်းမီဒီယာသမားတွေ ကို အစိုးရက ဖမ်းဆီးအရေးယူ ထောင် ချနေတာတွေကို လျှော့ချပေးဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ထံ ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်း က ဒီနေ့ သဝဏ်လွှာပေးပို့ တောင်းဆိုလိုက် ပါတယ်။
2014-07-23
မန္တလေးမြို့မှာ ဒီလ ၁ ရက်နေ့က အကြမ်းဖက်ပဋိပက္ခ စတင်ဖြစ်ပွားစေခဲ့တဲ့ အဓမ္မပြု ကျင့်ခံရတယ် ဆိုပြီး လိမ်လည်တိုင်တန်းသူ အမျိုးသမီးကို မှုခင်းရဲတပ်ဖွဲ့ CID က တရားလိုပြုလုပ်ပြီး ပျဉ်းမနားမြို့ နယ်တရားရုံးမှာ ဒီကနေ့ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
2014-07-23
အခြေခံဥပဒေမှာ ထည့်သွင်းပြဌာန်းထားတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ဆန္ဒပြုကြ တဲ့ပြည်သူ လူထုလက်မှတ်ပေါင်း ၁၀ သန်းနီးပါးရရှိမယ်လို့ ခန့်မှန်းကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက RFA ကိုပြောပါတယ်။
2014-07-23
စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ကန့်ဘလူမြို့ နယ်မှာ စစ်တပ်ကသိမ်းထားတဲ့ မြေတွေနဲ့ ပတ်သက်လို့ ထောင်ချခံရတဲ့လယ်သမား ၅၆ ယောက်ရှိ သွားပြီး၊ အဲဒီလယ်သမားတွေကို မိသားစုတွေနဲ့ဝေးရာ နယ်ထောင်တွေကို မနေ့က အသီးသီးခွဲပို့လိုက်တယ် လို့သိရပါတယ်။
2014-07-23
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင် ဆင်နိုင်ရေး အကောင်အထည်ဖော် မှုကော်မတီဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်း ၁၂ အပါအဝင် အခန်းပေါင်း ၇ ခန်းကို လေ့လာဆွေးနွေး ပြီးဖြစ်ကြောင်း ဒီနေ့ ပြည်ထောင်စုလွှတ်တော်ကို တင်ပြခဲ့ ပါတယ်။
2014-07-22
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့က ‘သိမ့်’ ခန်းမမှာ ၃ရက်ကြာကျင်းပမယ့် ဖက်ဒရယ်စနစ်နဲ့ ပတ်သက်တဲ့ အလုပ် ရုံဆွေးနွေးပွဲကို ကလေးခရိုင်အုပ်ချုပ်ရေးမှူးက ခွင့်မပြု တဲ့အတွက် တစ်ရက်ကျင်းပပြီးမှ ဆွေးနွေးပွဲကို ရပ်ဆိုင်း လိုက်ရတယ်လို့ သိရပါတယ်။
2014-07-22
ငွေကျပ် သိန်းတစ်ရာအောက် တန်ဖိုးနည်း အိမ်ရာတွေ ဆောက်လုပ်နိုင်ဖို့ ပြည်ထောင်စုအစိုးရကို တင်ပြပေးသွားမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးစိုးတင့်က ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ပြောပါ တယ်။
2014-07-22
အပတ်စဉ်ထုတ် မွန်းတည့်နေဂျာနယ်က အယ်ဒီတာ ၃ ဦးနဲ့ ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှုအဖွဲ့ M.D.C.F က ရန်ကုန်တိုင်း တာဝန်ခံ ကိုနောင်နောင်တို့ကို ပန်းဘဲတန်းမြို့နယ် တရား ရုံးမှာ ဒီနေ့ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
2014-07-22
ကချင်ပြည်နယ်ကို ရောက်ရှိနေ တဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms Yanghee Lee ဟာ ဒီနေ့မှာ ဗန်းမော်မြို့က စစ်ဘေးဒုက္ခသည်စခန်း ၃ ခုနဲ့ ဗန်းမော် အကျဉ်းထောင်ကို သွားရောက်လေ့လာခဲ့ပါတယ်။
2014-07-22
သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့် ကို နိုင်ငံတော် အကြည်ညိုပျက်အောင် လုပ်ဆောင်မှုနဲ့ နေပြည်တော် ဒက္ခိဏသီရိ ခရိုင်တရားရုံးက ဒီနေ့ ထပ်မံတရားစွဲဆိုလိုက်ပါတယ်။
2014-07-22
နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှု ဥပဒေနဲ့ တရားစွဲပြီး အလုပ်ကြမ်းနဲ့ ထောင် ဒဏ် ၁၀ နှစ်စီ ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ ယူနတီသတင်း ဂျာနယ်က သတင်းထောက် ၄ ဦးရဲ့ အယူခံ လျှောက်ထား တာကို မကွေးတိုင်း ဒေသကြီး တရားလွှတ်တော်ရုံးက မနေ့က လက်ခံလိုက်ပါတယ်။
2014-07-22
ပထမဆုံးအကြိမ် မြန်မာတစ်နိုင်ငံလုံး ဆိုင်ရာ မီဒီယာညီလာခံကို ဒီလ မကုန်ခင်ကျင်းပဖို့ မြန်မာ ဂျာနယ်လစ် ကွန်ရက်က စီစဉ်နေပါတယ်။
2014-07-21
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ စက်မှုဇုန် ၂ မှာရှိတဲ့ Gallant Ocean ဂဏန်း၊ ပုဇွန် အအေးခန်း စက်ရုံက အလုပ်ထုတ်ခံလိုက်ရတဲ့ အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ၁၄ ယောက်ကို အလုပ်ပြန်ခန့်ဖို့ အလုပ်ရှင်က ဒီနေ့ သဘောတူလိုက်ပါတယ်။
2014-07-21
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန် ထားတဲ့ မဲဆွယ်စည်းရုံးခွင့် ညွှန်ကြားချက်တွေမှာ မဲဆွယ်စည်းရုံးခွင့်ကို ရက်ပေါင်း ၆၀ ပေးသင့်ကြောင်းနဲ့ ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်မှာ တာဝန်ထမ်းဆောင်သူတွေ ဟာ နိုင်ငံရေးပါတီကနေ ၅ နှစ် ကင်းလွတ်သူတွေဖြစ် သင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီနေ့ သဘောထားထုတ်ပြန် လိုက်ပါတယ်။
2014-07-21
ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်မှာ သကြားစက်ရုံနဲ့ တောင်ပိုင်းတိုင်းစစ်ဌာန ချုပ် တည်ဆောက်ဖို့အတွက် သိမ်းထားတဲ့ လယ်ယာမြေတွေကို ပြန်ပေးဖို့နဲ့ ဝင်ရောက်ထွန်ယက်တဲ့ လယ်သမားတွေကို တရားစွဲထားတဲ့အတွက် ရာနဲ့ချီ များပြား တဲ့လယ်သမားတွေက ရေတာရှည်မြို့နယ် ညောင်ပင်သာရွာမှာ ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။