သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-07-24
အသက် ၉၀ နဲ့အထက် သက်ကြီးရွယ် အိုတွေကို နိုင်ငံတော် ဘတ်ဂျက်နဲ့ လူမှုဝန် ထမ်းကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာ ချထားရေးဝန်ကြီး ဌာန က နှစ်စဉ်ငွေကြေးထောက်ပံ့ပေးမယ့်အစီအစဉ်ကို စတင် လိုက်ပါတယ်။
2016-07-24
ပဲခူးတိုင်းဒေသကြီး ပြည်မြို့မှာ ကူးစက်မြန်တဲ့ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသူ ၁၀၀ နီးပါး ရှိလာတာကြောင့် မြို့တွင်း ရပ်ကွက် ၁၀ ခုက မုန့်ဟင်းခါးဆိုင် ၊ အသုပ်ဆိုင်၊ ဝက်သား တုတ်ထိုးဆိုင်နဲ့ ဝမ်းပျက် ဝမ်းနူးစေတဲ့ အစားအစာအရောင်းဆိုင်တွေကို ယာယီပိတ်သိမ်းဖို့ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ ညွှန်ကြားလိုက် ပါတယ်။
2016-07-24
တယ်လီဖုန်းသုံးစွဲသူတွေကြား ဝေဖန်မှုတွေ ရှိနေတဲ့ အော်ရီဒူးမြန်မာရဲ့ "ခုဖြေခုထော" အစီအစဉ်ကို ယာယီရပ်ဆိုင်းဖို့ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနက မနေ့က ရက်စွဲ နဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2016-07-23
ရှမ်းပြည်နယ် ကျိုင်းတုံမြို့အဝင်မှာ ကျပ်သိန်း ၁၄၀၀၀ တန်ဖိုးရှိတဲ့ ICE အမျိုးအစား မူးယစ်ဆေးတွေ သယ်ဆောင် လာ သူတွေကို မနေ့က ဖမ်းဆီးရမိခဲ့ပါတယ်။
2016-07-23
ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ် လွန်ခြင်း ၅၂ နှစ်ပြည့်နဲ့ ဂူဗိမာန် တည်ဆောက်ခြင်းနှစ် ၅၀ ပြည့် အခမ်း အနားကို ရန်ကုန်မြို့က ဆရာကြီးရဲ့ ဂူဗိမာန်ရှေ့မှာ ဒီနေ့ ကျင်းပကြပါတယ်။
2016-07-23
မွန်ပြည်နယ် ရေးမြို့နယ်က ရေလုပ် ငန်းတွေမှာ လူကုန်ကူးခံရတာတွေများ တာကြောင့် ရေလုပ်သားတွေကို ပွဲစားတွေ ဆီကနေ ခေါ်ယူတာတွေမလုပ်ဘဲ တရားဝင်အလုပ် သမားခေါ်ယူတဲ့ အေဂျင်စီ တွေကနေ ခန့်အပ်နိုင်ရေး အတွက် ရေလုပ်သားတွေ၊ ရေလုပ်ငန်းရှင်တွေနဲ့ အစိုးရ ဌာနဆိုင်ရာတွေက ဒီနေ့ ဆွေးနွေးကြပါတယ်။
2016-07-23
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့ နယ်က စံပယ်တောင်၊ ကြေးစင်တောင် စီမံကိန်းကြောင့် မြေ ယာသိမ်းဆည်းခံထားရတဲ့ တောင်သူနှစ်ရာလောက် ဟာ မြန်မာယန်စီကုမ္ပဏီက တာဝန် ရှိသူတွေနဲ့ ဒီနေ့ တွေ့ဆုံပြီး မြေယာလျော်ကြေးပေးဖို့နဲ့ ဒေသ ခံ နေ့စားအလုပ်သမားတွေကို အမြဲတန်းဝန်ထမ်း အဖြစ် ခန့်အပ်ပေးဖို့တောင်းဆိုလိုက်ပါတယ်။
2016-07-23
ရခိုင်ပြည်နယ် စစ်တွေမြို့က ကျောင်းကြီး လမ်း၊ မြောက်စံပြ၊ ပြည်တော်သာ၊ ပါဒလိတ် စတဲ့ ရပ်ကွက် ၄ ခုမှာရှိတဲ့ အရက်ချက်စက်ရုံ ၄ ရုံကို ဒေသခံရဲတပ်ဖွဲ့က ဒီနေ့ ရှောင် တခင် ဝင်ရောက်စစ်ဆေးပြီး အဲ့ဒီအရက်တွေကို သောက် သုံးဖို့သင့် မသင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးသွားမယ်လို့ စစ်တွေခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝင်းနောင် က ပြောပါတယ်။
2016-07-23
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် တိလောကရပ်ကွက်မှာ ကူးစက်မြန် အဆုတ်ရောဂါတစ်မျိုးဖြစ်တဲ့ ဆုံဆို့နာရော ဂါ ဖြစ်ပွားနေတဲ့အတွက် အဲ့ဒီရပ်ကွက်မှာ နေထိုင်သူ ၂ဝဝ လောက်ကို ကျန်းမာရေးဦးစီးဌာနက အပြင်သွားလာ ခွင့် ၁ဝ ရက် ပိတ်လိုက်ပါတယ်။
2016-07-23
မလေးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်း ၁၁ ခုမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား ၇ဝဝ နီးပါးကို မလေးရှားနိုင်ငံ မြန်မာသံရုံး အစီအစဉ်နဲ့ သြဂုတ်လ ၃ ရက်နေ့ကစပြီး မြန်မာနိုင်ငံ ကို ပြန်လည်ပို့ဆောင်ဖို့ စီစဉ်နေပါတယ်။
2016-07-23
ချင်းတွင်းမြစ်ရေဟာ စစ်ကိုင်းတိုင်း ခန္တီးမြို့ရဲ့ စိုးရိမ်ရေမှတ်ထက်နှစ်ပေကျော် ကို ရောက်ရှိနေပြီး ခန္တီးမြို့ ရပ်ကွက် ၂ ခုလောက်က မြေနိမ့်ပိုင်းမှာရှိတဲ့ နေအိမ်တွေ ရေနစ်မြုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2016-07-22
စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ဆားလင်း ကြီးမြို့နယ်မှာ ဖော်ဆောင်နေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ အကျုံးဝင်တဲ့ ဇီးတောရွာက မြေ ၃ ဧကနီးပါးကျယ်ဝန်းတဲ့ စန်းမြဝတီ ဘုန်းတော်ကြီးကျောင်းနဲ့ သာသနိကအဆောက် အအုံတွေ ဖျက်ဆီးမှာကို ရွာသားတွေကလက်မခံဘဲ မနေ့ကစ အလှည့်ကျ ကင်းစောင့်နေကြပါတယ်။
2016-07-22
ပြီးခဲ့တဲ့ အစိုးရလက်ထက် ရခိုင်ပြည်နယ် တွင်းက ပြည်သူတွေ နစ်နာဆုံးရှုံးမှုတွေ ရှိခဲ့တာကို လက်ရှိ ပြည်နယ်အစိုးရအနေနဲ့ အတတ်နိုင်ဆုံးဖြေရှင်းဆောင်ရွက်နေရတယ်လို့ ရခိုင်ပြည် နယ် ဝန်ကြီးချုပ် ဦးညီပု က ပြောကြားလိုက်ပါတယ်။
2016-07-22
ပညာရေးမှာ တိကျတဲ့မူဝါဒတွေကို အစိုးရ အနေနဲ့ ချမှတ်ပေးနိုင်ဖို့ဆိုတဲ့ အချက်တွေ ပါဝင်တဲ့ ဒဂုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းကို ဒဂုံတက္ကသိုလ် ကျောင်း သားထုညီလာခံ က အတည်ပြုလိုက်ကြပါတယ်။
2016-07-22
ရန်ကုန်တိုင်း မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းကြီးကြပ်မှု ဗဟိုကော်မတီ (မထသ) အဖွဲ့အနေနဲ့ အများပိုင်သယ်ယူ ပို့ဆောင်ရေး အာဏာပိုင်အဖွဲ့လက်အောက်မှာ ကုမ္ပဏီ တစ်ခုအနေနဲ့ ဖွဲ့စည်းလုပ်ဆောင်ဖို့အတွက် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က တိုက်တွန်းပြောလိုက်ပါတယ်။